မနက်က ပေါ်တူဂီမြေမှာ ယှဉ်ပြိုင်ခဲ့တဲ့ နယ်သာလန်နဲ့ အင်္ဂလန်ပွဲမှာ ၃-၁ ရလဒ် ထွက်ပေါ်ခဲ့ပြီး အင်္ဂလန်တို့ အရေးနိမ့်ခဲ့ကာ ဆီမီးဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

အင်္ဂလန်အသင်း အဓိက ခေါင်းဆောင်တွေဖြစ်တဲ့ ဟယ်ရီကိန်း၊ ဂျော်ဒန်ဟန်ဒါဆန်တို့ မပါနိုင်ချိန်မှာ အသင်းခေါင်းဆောင်အဖြစ် စတာလင်က ဦးဆောင်ပြီး ပွဲထွက်လာခဲ့တာပါ။ တိုက်စစ်သမားဟာ လက်ရွေးစင်အသင်းအတွက် သွင်းဂိုးနဲ့ ဦးဆောင်မှုကိုတော့ မလုပ်ပေးနိုင်ခဲ့ပါဘူး။

နယ်သာလန်နဲ့ ပွဲစဉ်မှာ အမှားတွေပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ မိနစ် ၉၀ အထိ ၁-၁ ကစားနိုင်ခဲ့ပြီးအချိန်ပို ကစားခဲ့ရပါတယ်။ ဒါပေမယ့် အချိန်ပိုမှာ အင်္ဂလန် ကစားသမားတွေရဲ့ အမှားကြောင့် ၃-၁ဖြင့် နယ်သာလန် အသင်းက အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

စတာလင်ဟာ သူ့ရဲ့ နိုင်ငံတကာ ပွဲ ၅၀ပြည့် ပြိုင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့် ဗိုလ်လုပွဲ တက်ရောက်နိုင်မယ့် အခွင့်အရေးကို ကိုယ့်ဘာသာကို ဖြုန်းတီးပစ်ခဲ့တယ်လို့ အသင်းဖော်တွေကို အပြစ်တင် စကားဆိုခဲ့ပါတယ်။

စတာလင်က ” ကျနော်တို့ အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာ အသင်းက ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ အမှားတွေအတွက် ပြစ်ဒဏ်ကိုခံစားခဲ့ရတာပါ။ နယ်သာလန်ဘက်က ကျနော်တို့ကို ဖိအားပေးတဲ့အချိန်မှာ အမှားကြီး ၂ ခု ကျူးလွန်ခဲ့ပါတယ်။ ကျနော်တို့ ဒီပြိုင်ပွဲမှာ နေရာတစ်ခုအထိ ရောက်ခဲ့ပြီး နောက်ဆုံးအချိန်ထိတော့ တိုက်ပွဲဝင်ခဲ့ပါတယ် ” လို့
ပြောခဲ့ပါတယ်။