မန်ယူအသင်းဟာ အပြောင်းအရွှေ့မှာ ကစားသမားပေါင်း ၆၂ ဦးလောက်နဲ့ နာမည်တပ်ခံနေရပေမယ့် ကစားသမား နှစ်ဦးကိုပဲ ခေါ်ယူမှု လုပ်ထားနိုင်ပါတယ်။ တစ်ဦးကတော့ လူငယ်လေး ဟော့ဂ်ဘက်ဖြစ်ပြီး တစ်ဦးကတော့ အတည်ပြုသတင်း မကြေညာရသေးတဲ့ ဂျိမ်းဖြစ်ပါတယ်။

အဲ့သည်ထဲက ဟော့ဂ်ဘက်အကြောင်း အနည်းငယ် ဖော်ပြလိုပါတယ်။ ဟော့ဂ်ဘက်ဟာ နယ်သာလန်ကလပ် အိုင်းယက်အသင်း အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ လူငယ်စတားတစ်ဦးပါ။ အခုမှ အသက် ၁၆ နှစ်ပဲရှိသေးသူဖြစ်ပါတယ်။

ဟော့ဂ်ဘက်ဟာ တောင်ပံနှစ်ဘက်ကို အကောင်းဆုံး ကစားနိုင်ပြီး ဘယ်ခြေကော ညာခြေပါ ကစားနိုင်စွမ်းရှိသူဖြစ်တယ်။ သူဟာ အထောင်တိုက်စစ်နေရာကလည်း ကစားနိုင်ပါတယ်။ နယ်သာလန် သက်တမ်းအလိုက် အသင်းမှာ ကစားနေပြီး အိုင်းယက်အသင်းက သက်တမ်းတိုးလိုပေမယ့် မန်ယူအသင်းကို ပြောင်းရွှေ့လာသူပါ။

မနှစ်ကရာသီ အိုင်းယက်အသင်း အကယ်ဒမီမှာ တောက်ပခဲ့မှုကြောင့် သူ့ကို လူသိများလာခဲ့တယ်။ ယူ-၁၇ အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၂၆ ပွဲ ပါဝင်ကစားခဲ့ပြီး ကိုယ်တိုင် ၁၀ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အိုင်းယက်ဘက်က အစွမ်းကုန် ထိန်းဖို့လုပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က မန်ယူကို ရွေးချယ်ခဲ့တာပါ။

မန်ယူကို ပြောင်းခဲ့ပြီဆိုတာကို သူု့ရဲ့ အင်စတာဂရမ်ကနေ တရားဝင် ဖော်ပြခြင်းကြောင့် သိခဲ့ရတာဖြစ်တယ်။ ဟော့ဂ်ဘက်ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီအသင်းနဲ့ ပူးပေါင်းမှာဖြစ်ပြီး ယူ-၁၈ အသင်းအတွက် ကစားပေးမှာဖြစ်ကာ မကြာခင်နှစ်တွေမှာ စီနီယာအဆင့်ကို ရောက်လာမယ့် ကြယ်ပွင့်လေးတစ်ဦးပဲ ဖြစ်ပါတယ်။