ဘရာဇီးနဲ့ PSG တိုက်စစ်မှူး နေမာဟာ သူ့ကို ခေါ်ယူဖို့ရာ လာလီဂါပြိုင်ဘက် ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပေမယ့် အသင်းဟောင်း ဘာစီလိုနာကိုသာ ပြန်သွားလိုတယ်လို့ သိရပါတယ်။

ဘရာဇီးသား တိုက်စစ်မှူးဟာ ဟာ ပြင်သစ်မြေမှာ ၂ ရာသီခန့် ကစားခဲ့ပြီးနောက် စပိန်လိဂ်က အသင်းဟောင်းဆီ ပြန်ဖို့အတွက် ချိတ်ဆက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ စပိန် သတင်းဌာနတွေက ရီးရဲလ်မက်ဒရစ်ဟာ PSG စတားကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် ကစားသမားတော့ ပယ်ချခဲ့တယ်လို့ သိရတယ်။

PSG ကနေ ထွက်ခွာဖြစ်ရင် နေမာကတော့ ဘာစီိလိုနာ အသင်းဆီကို ပြန်ဖို့ပဲ ဦးစားပေးလိုနေတယ်။ ၂၀၁၇ ခုနှစ်က ကမ္ဘာစံချိန်တင်ကြေးဖြင့် ဘာစီလိုနာကနေ ယူရို ၂၂၀ သန်းနဲ့ ပြင်သစ်အသင်းထံ ပြောင်းရွှေ့ပြီးနောက်ပိုင်း နေမာဟာ ဥရောပဘောလုံးလောကမှာ ငုပ်ဝင်နေခဲ့သူဖြစ်ပါတယ်။

PSG ဘက်ကတော့ ကစားသမားကို ရောင်းချဖို့အတွက် အစီအစဉ် မရှိသလို လက်ရှိမှာ နေမာဟာ ကာတာအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ကိုပါအမေရိက ဖလားပြိုင်ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

တိုက်စစ်သမား နေမာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မုဒိန်းမှုအတွက် စွပ်စွဲခြင်း ခံနေရပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြာက နေမာကတော့ တမင်အကွက်ဆင်ခံရတာပါလို့ ဖြေရှင်းမှု လုပ်ထားပါတယ်။