စတာလင်ဟာ သူ့ရဲ့ နိုင်ငံတကာ ပွဲ ၅၀ပြည့် ပွဲစဉ် နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့် ဗိုလ်လုပွဲ တက်ရောက်နိုင်မယ့် အခွင့်အရေးကို ကိုယ့်ဘာသာကို ဖြုန်းတီးပစ်ခဲ့တယ်လို့ အသင်းဖော်တွေကို အပြစ်တင် စကားဆိုခဲ့ပါတယ်။

စီးတီးကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်က အသင်းဖော် တိုက်စစ်သမား ဆာနေးနဲ့ စကားပြောဆိုထားပြီး ဆာနေးဟာ မန်စီးတီးကနေ ထွက်ခွာချင်မယ်လို့ မယုံကြည်ကြောင်းနဲ့ အသင်းမှာ ဆက်ရှိနေမယ်သာ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။

မန်စီးတီးဟာ အပြောင်းအရွှေ့မှာ ကစားသမား ရောင်းထုတ်မှုကို စတင်တော့မှာဖြစ်ပြီး ဒန်နီလိုကို ရောင်းထုတ်ကာ ဂျူဗင်တပ်အသင်းမှ ပေါ်တူဂီသား အစွန်ကစားသမား ကန်ဆယ်လိုကို ပေါင် 44 သန်း (ယူရို သန်း50)နဲ့ ခေါ်ယူနိုင်ဖို့ စကားပြောမှုတွေ စတင်ထားပြီလို့ အီတလီသတင်းတွေက ဖော်ပြလာပါတယ်။

မန်ယူနဲ့ မန်စီးတီး အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ လက်စတာစီးတီးနောက်ခံလူ မက်ဂွဲယားဟာ မန်ယူအသင်းထက် မန်စီးတီး အသင်းထံကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဆန္ဒရှိနေတယ်လို့ ဒေးလီးမေးလ်မှာ ဖော်ပြထားပါတယ်။ လက်စတာက မက်ဂွဲယားအတွက် တန်ကြေးကို ပေါင် ၉၅ သန်း သတ်မှတ်ထားပါတယ်။

မန်စီးတီး တောင်ပံတိုက်စစ်မှူးဟောင်း ရိုက်ဖီးလစ်က အေဂျက်မှ ဒီလစ်ရဲ့ ပြောင်းရွှေ့ကြေးသာ ရူးသွပ်လောက်တဲ့ ပမာဏ မဟုတ်ရင် လူငယ်ခံစစ်မှူးဟာ ကွန်ပနီနေရာ ဆက်ခံဖို့ အသင့်တော်ဆုံး သူ ဖြစ်ကြောင်း ထောက်ခံလိုက်ပါတယ်။

မန်စီးတီးလူငယ်ကြယ်ပွင့် တေလာရစ်ချက်ကို စီးရီးအေ အင်အားကြီးကလပ် အင်တာမီလန်က ခေါ်ယူလိုနေပါတယ်။ အသက် ၁၈ နှစ်အရွယ် ကွင်းလယ် ဖန်တီးရှင်း ကစားသမားလေးကို ချယ်ဆီးနည်းပြဟောင်း လက်ရှိ အင်တာ နည်းပြ ကွန်တီကိုယ်တိုင်က မျက်စိကျနေတာပါ။