လီဗာပူးအသင်းနဲ့ ၂၀၂၀ ခုနှစ်ထိပဲ ရှိနေတဲ့ ခံစစ်မှူး မာတစ်ကို ကလပ်အသင်းဘက်က သက်တမ်းတိုးပေးဖို့ ယာဂင်ကလော့ပ်က မျှော်လင့်နေပါတယ်။ မာတစ်ဟာ ဒီနှစ်ဘောလုံးရာသီ ဒုတိယရာသီဝက်မှာ ဗန်ဒိုက်နဲ့ အထူးအတွဲညီခဲ့သူလည်း ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က လိုင်လီမှ တိုက်စစ်ကြယ်ပွင့် နစ်ကိုးလပ်စ် ပီပီကို ခေါ်ယူဖို့ ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေတယ်လို့ ပြင်သစ်သတင်းများမှာ ဖော်ပြလာကြပါတယ်။ အင်တာက ပီပီအတွက် ယူရို သန်း ၇၀ နဲ့ ကမ်းလှမ်းထားပြီး လီဗာပူးက ကျော်တက်ဖို့ ရှိနေပါတယ်။

လာမယ့် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ချိန်ဘာလိန်က ကျောနံပါတ် ၂၁ မှ ၁၅ သို့ ပြောင်းလဲ ၀တ်ဆင်မှာ ဖြစ်ပြီး ဂိုးသမား အယ်လစ်ဆန် ကလည်း နံပါတ် ၁ ကို ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီလစ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားမှုနှုန်း မြင့်တက်လာပါတယ်။ လက်ရှိအချိန်ထိ ဘာစီလိုနာဟာ ဒီလစ်ကိုခေါ်နိုင်ဖို့ ရေပန်းစားမှု အမြင့်ဆုံးဖြစ်ကာ 6/4 ကြေးဖွင့်ခံထားရပြီး မန်ယူက ဒုတိယနေရာကနေ 5/2 နေရာမှာ ရှိနေပါတယ်။ လီဗာပူးကတော့ 4/1 အဖြစ် တတိယနေရာမှာ ရှိနေကာ ထိပ်က နှစ်သင်းနဲ့ ရေပန်းစားမှုနှုန်း အရမ်း မကွာတော့ပါဘူး။

စတားရစ်နဲ့ အယ်လ်ဘာတို မိုရီနိုတို့ကို ထွက်ခွာခွင့်ပေးထားတဲ့ လီဗာပူးလ်အသင်းဟာ ယခု အပြောင်းအရွှေ့မှာ ကစားသမားသစ် အချို့ ခေါ်ယူဖို့ရှိနေတဲ့အပြင် လက်ရှိအသင်းက ကစားသမား ၅ ဦးအထိကိုလည်း ထုတ်ရောင်းဖို့ စီစဉ် နေတယ်လို့ ဒေးလီးမေးလ်မှာ ဖော်ပြထားပါတယ်။

ကစားနေတဲ့ နေရာများနဲ့ လိုက်ဖက်တဲ့ ကျောနံပါတ် နောက်ရာသီမှာ ပြောင်းလဲ ၀တ်ဆင်ဖွယ် ရှိနေသေးတဲ့ လီဗာပူး ကစားသမားများကတော့ ဖာဘင်ညိုနဲ့ အန်ဒီရော်ဘတ်ဆန်တို့ ဖြစ်ပါတယ်။

နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ နယ်သာလန်က အင်္ဂလန်ကို နိုင်ပြီး ဗိုလ်လုပွဲ တက်ရောက်သွားတဲ့နောက် နယ်သာလန်နဲ့ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ရဲ့ ဘလွန်းဒီအော ဆု ရေပန်းစားမှုနှုန်း ပိုမို မြင့်တက်လာခဲ့ပါတယ်။