မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ဖလား၊ ကွန်မြူနတီဒိုင်း၊ FA ဖလား နဲ့ ကာရာဘောင်ဖလားတို့ကို ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ နိုင်ငံတူ ကလပ် အသင်း ဖြစ်တဲ့ စပါး အသင်း ကို ကွာတား ဖိုင်နယ် အဆင့်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

မန်စီးတီး အသင်းရဲ့ နည်းပြ ဖြစ်သူ ပက်ပ်ဂွါဒီယိုလာဟာ မန်စီးတီး အသင်း အနေနဲ့ ချန်ပီယံလိဂ် ဖလား မရမချင်း အကောင်းဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် လက်ခံနိုင်မှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဒီလိုမျိုး အနေအထား နဲ့ ပတ်သက်ပြီး မန်စီးတီး နည်းပြ ဂွါဒီယိုလာက –

“ဘောလုံးက ခင်ဗျားကို နောက်ထပ် အခွင့် အရေး တွေ ပေးဦးမှာပါ။ လူတွေက ကျွန်တော်တို့ အသင်း ချန်ပီယံလိဂ် ဖလား မရမချင်း အကောင်းဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် သတ်မှတ်မှာ မဟုတ်ပါဘူး။ ရပါတယ်။ ဒီစိန်ခေါ်မှုကို ကျွန်တော်တို့ လက်ခံပါတယ်။ ”

” လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်မှာ ဒီ အသင်းက ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလား အကြောင်းကို ပြောနေပါပြီ။ ဒါက ပထမ ခြေလှမ်း ဖြစ်ပြီး အရမ်းကောင်းမွန်ပါတယ်။ ”

“တကယ်လို့ လာမယ့် ရာသီမှာ မဖြစ်ခဲ့ရင် နောက်ရာသီပေါ့။ ကျွန်တော် ရှိသည် ဖြစ်စေ ကျွန်တော် မရှိဘူး ဖြစ်စေ ဒီအင်အားနဲ့ ဖြစ်ဖြစ် တခြား ကစားသမားတွေနဲ့ ဖြစ်ဖြစ် တစ်နေ့နေ့မှာ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ မဖြစ်လာရင်တော့ ကံမကောင်းလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့က ကြိုးစားနေမှာပါ။ ” ဟု ဖွင့်ဟ ပြောကြားမှုများ ပြုလုပ် သွားခဲ့ကြောင်း သိရှိ ရပါတယ်။