အာဆင်နယ်ဟာ အသင်းနဲ့ စာချုပ်ကုန်လို့ ထွက်ခွာသွားပြီ ဖြစ်တဲ့ ဝေးစ် လက်ရွေးစင် ကွင်းလယ်လူ ရမ်ဆေးနေရာမှာ အစားထိုးဖို့ ကစားသမားသစ်ရှာဖွေနေပြီး ပြင်သစ်သား ကွင်းလယ်ကားသမား ဗာရီတော့ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားလာပါတယ်။

အာဆင်နယ်စိတ်ဝင်စားနေတဲ့ ပြင်သစ်ကစားသမား ဗာရီတော့ဟာ ဖီအိုရင်တီးနားအသင်းမှာ ပါဝင်ကစားနေပါတယ်။ အသက် ၂၆ နှစ်အရွယ် ဗာရီတော့ဟာ နာပိုလီအသင်းကိုပြောင်းမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ သူဟာ ဗီလာအသင်းမှာလည်း ပါဝင်ကစားခဲ့ဖူးပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ဗာရီတော့ဟာ ကစားသမားဘဝအစကို နန့်တက်စ်အသင်းမှာ စတင်ခဲ့သူဖြစ်ပါတယ်။ ဗာရီတော့ဟာ ကစားသမားဘဝ ၂၉၃ ပွဲကစားပြီးချိန် ၃၄ ဂိုး သွင်းထားသူဖြစ်ပါတယ်။ ၄င်းက စိန့်အက်တီယန်အသင်းမှာလည်း အငှားသွားရောက်ကစားခဲ့ရပါတယ်။ ဗာရီတော့ဟာ စီးရီးအေမှာတော့ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။

ဗာရီတော့ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ ဖီအိုရင်တီးနားအသင်းအတွက် ၅ ဂိုးသွင်းယူကာ ကစားဖော်တွေအတွက် ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ် ထားပါတယ်။ ဗာရီတော့ဟာ လက်ရှိမှာ ဖီအိုရင်တီးနားအသင်းနဲ့ လာမယ့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်နေပါတယ်။ ဗာရီတော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ရိုးမားနဲ့ ဆီဗီလာလည်း ပါဝင်နေပါတယ်။

ဖီအိုရင်တီးနားအသင်းကတော့ သူတို့ရဲ့ အဓိက ကစားသမားကို ရောင်းချဖို့ အစီအစဉ်မရှိပါဘူး။ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ အသုံးစရိတ်ပေါင် ၃၅ သန်းရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းအတွက် တော်ရဲရားနဲ့ တွဲကစားဖူးတဲ့ ဆမ်ဒိုးရီးယားက ပရက်ကိုလည်း စိတ်ဝင်စားနေပါတယ်။

ဗာရီတော့ဟာ ၂၀၁၇-၁၈ ဘောလုံးရာသီ စီးရီးအေ ၃၆ ပွဲ ကစားခဲ့ပြီး ၈ ဂိုးသွင်းပေးခဲ့ပါတယ်။ သူဟာ ဒီရာသီမှာ ဖီအိုရင်တီးနား အသင်း အတွက် ၃၇ ပွဲကစားပြီး ၅ ဂိုးသွင်းခဲ့ပါတယ်။

ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ ကာလရှည်ကြာစွာ ခြေစွမ်းပြ ကစားခဲ့ပြီး ရာသီသစ်မှာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အပြောင်းအရွှေ့ဈေးကွက်မှာ နေရာအလိုက် ကစားသမားတွေကို ခေါ်ရမှာဖြစ်ပါတယ်။