မန်ချက်စတာ ယူနိုက်တက်ဟာ အားထားရတဲ့ ဂိုးသမား ဒီဂီယာကို သက်တမ်းတိုး စာချုပ် မချုပ်နိုင်ရင် ဒီနွေမှာ ရောင်းချမှသာ ပြောင်းရွှေ့ကြေး ရရှိမှာ ဖြစ်ပြီး နောက်နှစ်မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ဒီတိုင်း လက်လွှတ်ရမယ့် အရေး ရင်ဆိုင်နေရပါတယ်။

ဒီဂီယာ ထွက်ခွာရင် ဂိုးသမား ရိုမီယိုကို ပထမ ဂိုး အဖြစ် နေရာမှာ ပေးမှာ ဖြစ်ပြီး ဆိုးရှားက ဈေးကွက်ထဲမှာ အရန် ဂိုးသမားလောက်သာ ရှာဖွေတော့မှာပါ။

ဒါကြောင့် ဆိုးရှားနဲ့ မန်ယူဘက်က ဒီဂီယာကို ဒီအပြောင်းအရွှေ့မှာတင် အသင်းပြောင်းစေလိုနေပြီး ဒီဂီယာကို စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့ ဖြစ်သွားစေလိုနေပါတယ်။

သတင်းများအရ မန်ချက်စတာ ဒါရိုက်တာများသည် ပီအက်စ်ဂျီ အသင်းထံမှ ပေါင်သန်း ၆၀ နှင့်အထက် မည်သည့်ကမ်းလှမ်းမှုမျိုးကို မဆို လက်ခံသွားဖွယ်ရှိတယ်လို့ သိရှိရပါတယ်။ ဒီဂီယာသာ ပီအက်စ်ဂျီကို ရွေးချယ်ရင် မန်ယူဘက်က အသင်းပြောင်းကြေး အနေနဲ့ ပေါင် သန်း ၂၀ ပါ ကစားသမားကို ပေးအပ်ဖို့ ပါ စီစဉ် စည်းရုံးမှုတွေ ရှိနေပါတယ်။

အသက် ၂၈ နှစ်အရွယ် စပိန်သား ဂိုးသမားကတော့ မန်ယူနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အထိ ကုန်ဆုံးရန်ရည်ရွယ်ထားပြီး နောက်နှစ် နွေ အပြောင်းအရွှေ့မှ စိတ်ကြိုက်အသင်း ရွေးချယ်သွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် မန်ယူဘက်ကတော့ သူတို့ရဲ့ တန်ကြေးမြင့် ကစားသမား အတွက် တစ်ပြားမှ မရဘဲ အလွတ်ထွက်ခွာခွင့် ပြုရတာမျိုး မဖြစ်လိုပါဘူး။

ဒါ့ကြောင့် မန်ယူ အသင်း တာဝန်ရှိသူများက ဒီဂီယာကို စာချုပ်သက်တမ်းမကုန်ဆုံးမီ အသင်းပြောင်းပါက စပိန်ကစားသမားအတွက် အသင်းပြောင်းခ ပေါင်သန်း ၂၀ ကို ပေးအပ်မယ် ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဒီဂီယာကလည်း အလွတ်သွားရပါက နောက်ကလပ်အသင်းမှာ ပို အကျိုးအမြတ်များများ ရရှိနိုင်မှာ ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ၀ါရင့်ဂိုးသမားကြီး ဘူဖွန်ကို လက်လွှတ်ခဲ့ရပြီးနောက် မန်ယူအသင်းထံမှ ဒီဂီယာ က နံပတ် (၁) ပစ်မှတ် ဖြစ်နေပြီး ကလပ်အသင်း ၂သင်းလုံးနဲ့ ကစားသမား ပါ အကျိုး ရှိနိုင်မယ့် ဒီ ကမ်းလှမ်းမှုနဲ့ အပြောင်းအရွှေ့က ဖြစ်ရင်လည်း ဖြစ်လာဖွယ် ရှိနေပါတယ်။