ပေါ်တူဂီနည်းပြကြီး UEFA Nations League ဗိုလ်လုပွဲမှာ အနိုင်ရခြင်းရဲ့ အဓိက သော့ချက်ကို ထုတ်ပြောလာခဲ့ပြီး အဆိုပါ သော့ချက်ကတော့ နယ်သာလန်ကွင်းလယ်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ယူရိုချန်ပီယံ ပေါ်တူဂီအသင်းကို ဦးဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဆန်းတို့စ်ဟာ လက်ရွေးစင်အသင်းနဲ့အတူ ပထမဆုံးအကြိမ် ချီးမြင့်တဲ့ UEFA Nations League ချန်ပီယံဆုဖလားကိုလည်း အနိုင်ရခဲ့တာပါ။

ဆန်းတို့စ်က “ဒီဂျောင်ရဲ့ကစားပုံက ဘရူနိုဖာနန်ဒက်စ်နဲ့ ပုံစံတူပြီးတော့ ဒီရွန်းရဲ့ ကစားဟန်ကတော့ ကာဗယ်ဟိုနဲ့ တူပါတယ်။ ကျွန်တော်တို့တွေ ပြိုင်ဘက် ကွင်းလယ်ကစားသမားတွေရဲ့ အရည်အသွေးတွေကို သတိထားရတယ်။

အထူးသဖြင့်ကတော့ ဒီဂျောင်ပေါ့။ သူက အရမ်းကို ကောင်းမွန်လှတဲ့ ကွင်းလယ်ဖန်တီးရှင်ဖြေစ်ပါတယ်။ သူ့လို ကစားသမားမျိုးကို လွတ်လွတ်လပ်လပ် ကစားခွင့်မရအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ပိုရလာနိုင်မယ်ဆိုတာကို သိထားခဲ့ပြီး ကြိုးစားနိုင်ခဲ့တယ်။ ပြီးတော့ ဗန်ဒိုက်ကိုလည်း အကောင်းဆုံး အလုပ်နိုင်တောင် တားဆီးနိုင်ခဲ့တယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

UEFA Nations League ချန်ပီယံ ပေါ်တူဂီဟာ လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကိုတော့ ခြေစစ်ပွဲ ဝင်စရာမလိုပဲ တိုက်ရိုက်ဝင်ခွင့်လည်း ရရှိသွားခဲ့ပါတယ်။