၂၀၁၈-၁၉ ဘောလုံး ရာသီ အကုန်မှာပဲ ကစားသမားဘ၀က အနားယူသွားပြီဖြစ်တဲ့ ၀ါရင့် ဂိုးသမား ပီတာချက် နေရာ အစားထိုးဖို့အတွက် အာဆင်နယ်အသင်းဟာ နောက်ထပ် ဂိုးသမားတစ်ယောက် ခေါ်ယူမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အငှား ထွက်ကစားနေတဲ့ အာဆင်နယ် အရန်ဂိုးသမား အော့စ်ပီနာကလည်း နာပိုလီအသင်းထံ ပြောင်းရွေ့ဖို နီးစပ်နေပြီး အပြီးသတ် ရောက်ရှိသွားပါက လန်ဒန်ကလပ်မှာ ဂိုးသမား လီနို တစ်ဦးတည်းသာ ကျန်ရှိတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ နောက်ထပ် ဂိုးသမားသစ် ထပ်မံ ခေါ်ယူတော့မှာမဟုတ်ပဲ ရီဒင်းအသင်းကို အငှားချထားတဲ့ ဂိုးသမား မာတီနက်ဇ် ကိုသာ ပြန်လည်ခေါ်ယူပြီး ဒုတိယ ဦးစားပေးဂိုးသမားအဖြစ် အသုံးပြုသွားဖို့ စီစဉ်နေပါတယ်။

မာတီနက်ဇ် ဟာ အာဆင်နယ်အသင်းကို (၂၀၁၀) ခုနှစ်ကထဲကရောက်ရှိခဲ့တာဖြစ်ပေမယ့် တတိယ ဂိုးသမားနေရာသာရှိခဲ့ပြီး အငှား ထွက်ကစားနေခဲ့ရတာ များပါတယ်။ မာတီနက်ဇ်ဟာ အောက်စိဖို့ဒ်၊ ရှက်ဖီး၊ ရိုသာဟမ်၊ ၀ုဗ်ဗာဟမ်တန်၊ ဂီတာဖေး တွေဆီ အငှားထွက် ကစားနေခဲ့ပြီး ပြီးခဲ့တဲ့နှစ် ရာသီဝက်က ရှက်ဖီးအသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အစောပိုင်းတုန်းက အာဆင်နယ်အသင်းဟာ အင်တာဂိုးသမား ရာဒူ နဲ့ ပီအက်စ်ဂျီမှ ထွက်ခွာမယ့် ဘူဖွန်တို့ကို ခေါ်ယူဖွယ် ရှိတယ်လို့ သတင်း ထွက်ခဲ့ပေမယ့် အသင်းရဲ့ အသုံးစရိတ်နည်းပါးခြင်းကြောင့် ယခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။