ကြိုတင် သတင်းထွက်နေတဲ့အတိုင်း လိုင်ယွန်နောက်ခံလူ ဖာလန်းမန်ဒီဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတော့မှာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းနည်းပြကြီး ကိုယ်တိုင်က အသက် (၂၄) နှစ်အရွယ် ဘယ်အစွန်နောက်ခံလူဟာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့လိမ့်မယ်ဆိုတာကို အတည်ပြု ထောက်ခံပေးသွားခဲ့တာပါ။
တူရကီနဲ့ ခြေစမ်းပွဲမှာ ပြင်သစ်အတွက် ဘယ်အစွန်နေရာက ပါဝင်ခွင့်ရခဲ့တဲ့ မန်ဒီကို ရီးရဲလ်မက်ဒရစ်ကယူရိုသန်း ၅၀ ပေးချေရမယ်လို့ သိထားရပါတယ်။ မန်ဒီက ပြင်သစ်လီဂူးရဲ့ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
မန်ဒီဟာ ပေါ်တိုမှ မီလီတို၊ ဖရန့်ဖတ်မှ ဂျိုဗစ်၊ ချယ်ဆီးမှ ဟာဇက်တို့နဲ့အတူ ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ သဘောတူညီမှုရတဲ့ လေးဦးမြောက်ကစားသမား ဖြစ်လာပါမယ်။
ရီးရဲလ်ဟာ အဆိုပါ ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေရမှာဖြစ်လို့ မကြာခင်မှာ အသင်းမှ ကစားသမားတွေကို ရောင်းထုတ်လာဖို့ ရှိနေပါတယ်။