မန်ယူအသင်းဟာ စပါး အသင်းရဲ့ ဂိုးသမား ဟူးဂိုး လိုရစ်ကို ခေါ်ယူဖို့ အတွက် ပြန်လည် ပစ်မှတ် ထားလာပြန်ကြောင်း သိရှိ ရပါတယ်။ မန်ယူ အားထားရတဲ့ အဓိက ဂိုးသမား ဖြစ်သူ ဒီဂီယာ တစ်ယောက် အသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အသင်းမှာ ဆက်ရှိဖို့ မသေချာတာကြောင့် အခုလို ဂိုးသမား အသစ် ရှာဖွေလာခဲ့တာပါ။

အာဆင်နယ် အသင်းမှ ဆွစ်ဇာလန် ကွင်းလယ် ကစားသမား ချာကာဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာမှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လက်စတာ နဲ့ အဲဗာတန် အသင်းတို့ဟာ ပြင်သစ် လီဂူး ကလပ် အသင်းဖြစ်တဲ့ နီးစ် အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ဒန်းနစ် ဘူအန်ဂါကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြကြောင်း သိရှိ ရပါတယ်။ အခြားသော ဥရောပ အသင်းကြီးများကလည်း ဘူအန်ဂါကို ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိပါတယ်။

အင်တာမီလန် အသင်းနဲ့ ဂျူဗင်တပ် အသင်းတို့ဟာ တိုက်စစ်မှူး အီကာဒီနဲ့ ဒိုင်ဘာလားတို့ကို အလဲအထပ် ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း အီတလီ သတင်းစာများမှာ ဖော်ပြခဲ့ပါတယ်။

လိုင်ယွန် အသင်း ရဲ့ ပြင်သစ် ဘယ်နောက်ခံလူ ဖာလန်မန်ဒီဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲယ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်း နဲ့ သဘောတူညီမှု ရထားပြီး ဖြစ်ကြောင်း ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒက်ချမ့်စ်က အတည်ပြု ပြောကြား သွားခဲ့ပါတယ်။

စပါး ပစ်မှတ်ထားနေတဲ့ PSG အသင်း ကွင်းလယ် ကစားသမား ဖြစ်သူ ဒရက်ဇ်လာဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း သိရှိ ရပါတယ်။

အဲဗာတန် တောင်ပံ ကစားသမား ဖြစ်သူ ဘိုလာဆီဟာ တူရကီ ကလပ် အသင်း တစ်သင်းမှာ သွားရောက် ကစားဖို့ အတွက် မာဆေးဆိုဒ် အခြေစိုက် ကလပ်အသင်းကို စွန့်ခွာဖို့ စီစဉ်နေပါတယ်။ ကွန်ဂို လက်ရွေးစင် ကစားသမားကို ဂါလာတာစာရေး၊ ဘက်ဆစ်တပ် နဲ့ ထရာဇွန်စပေါ် အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

မန်စီးတီး တိုက်စစ်သမား ဆာနေးကို ဂျာမနီအသင်းဖော် ဆပ်ခ်ျ ဂနာဘီက စီးတီးကို စွန့်ခွာပြီး ဘိုင်ယံမြူးနစ်ထက် ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းလိုက်ပါတယ်။