ဒီနှစ် ဘလွန်းဒီအောဆု အတွက် ရေပန်းစားမှုတွေ ထွက်ပေါ်လာခဲ့ချိန်မှာတော့ နာမည်ကျော် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ကျော်ဖြတ်ပြီး လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်က ထိပ်ဆုံးမှ ရပ်တည်နေခဲ့ပါတယ်။

ခံစစ်မှူး ဗန်ဒိုက်စ်ဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်းမှာ လီဗာပူးအတွက်သာမက နယ်သာလန် လက်ရွေးစင် အသင်းအတွက်ပါ အကောင်းဆုံး ခြေစွမ်းပြကစားခဲ့ပြီး ပြီးခဲ့တဲ့တစ်ရာသီလုံး ဘယ်ပြိုင်ဘက်ကစားသမားကမှ သူ့ကို လိမ်ခေါက် ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။

ဗန်ဒိုက်နဲ့ ရင်ဆိုင်ရတဲ့ ကစားသမားတွေထဲမှာ မက်ဆီ၊ ရော်နယ်ဒို၊ နေမာ၊ အမ်ဘာပေ၊ ဟာဇက်၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗားအပါအဝင် နာမည်ကျော် ကစားသမားတွေများစွာ ပါဝင်ခဲ့ပေမယ့် ဘယ်တစ်ယောက်ကမှ ဗန်ဒိုက်ကို လိမ်ခေါက်ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်တမ်းမှတ်ရာတွေအရ ဗန်ဒိုက် ဟာ ၆၆ ပွဲဆက်တိုက် ဒီစံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။ အခုလိုမျိုး အထူးခြေစွမ်းပြသခဲ့တဲ့အတွက် ဗန်ဒိုက် ဟာ ၂၀၁၉ ခုနှစ် ဘလွန်းဒီအောဆုအတွက် ရေပန်းစားမှုစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

ဒီဆုအတွက် ထိပ်ဆုံးကနေ ရေပန်းစားနေတဲ့ ကစားသမား ၅ ယောက်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • ဗန်ဒိုက် (လီဗာပူး) ၈-၁၁
  • မက်ဆီ (ဘာစီလိုနာ) ၅-၆
  • ဆာလက်၊ မာနေး (လီဗာပူး) ၂၀-၁
  • ရော်နယ်ဒို (ဂျူဗင်တပ်စ်) ၂၅-၁

ပြီးခဲ့တဲ့ တစ်ရာသီအတွင်း ဘာစီလိုနာအသင်း အတွက် ပွဲ ၅၀ ပါဝင်ကစားခဲ့ပြီး ၅၁ ဂိုးတိတိ သွင်းယူထားတဲ့အပြင် အသင်းဖော်တွေကို ၂၂ ဂိုး ဖန်တီးပေးထားခဲ့သူ လီယွန်နယ်မက်ဆီကတော့ ဗန်ဒိုက်စ်ရဲ့နောက် ဒုတိယနေရာမှာသာ ရပ်တည်နေခဲ့တာ တွေ့ရပါတယ်။

လီဗာပူးတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဆာလာနဲ့ မာနေးတို့ကတော့ တတိယနေရာမှာ ပူးတွဲရပ်တည်လျက်ရှိနေပါတယ်။ ဂျူဗင်တပ် အသင်းနဲ့ အတူ စီးရီးအေချန်ပီယံဖြစ်ခဲ့သလို ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့လည်း နေးရှင်းလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ စီရော်နယ်ဒိုကတော့ အဆင့်ငါး နေရာမှာသာ ရှိနေခဲ့တာ တွေ့ရပါတယ်။