ဂျူဗင်တပ်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ နည်းပြဆာရီရဲ့နေရာမှာ မော်ရင်ညိုကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆာရီဟာ အပြောင်းအရွှေ့အတွက် နှစ်သင်း သဘောတူညီမှု ရပြီးရင် လာမယ့်ရက်ပိုင်းအတွင်း အီတလီကို ပြန်လည်ပြောင်းရွှေ့ ဖို့ရှိနေတာပါ။ ချယ်ဆီးနည်းပြသစ်အြဖြစ် ပရိသတ်တွေက ဒါဘီနည်းပြ လမ်းပတ်ကို ခန့်အပ်စေလိုပေမယ့် ကလပ်အသင်းဘက်ကတော့ အတွေ့အကြုံရင့်သူတစ်ဦးကို ခေါ်လိုနေပါတယ်။

၂၀၁၈ ဒီဇင်ဘာလက မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ မော်ရင်ဟိုဟာ လာမယ့်ဇူလိုင်လမှာအသင်းသစ်တစ်ခုကို ကိုင်တွယ်မယ်လို့ ပြောကြားထားပါတယ်။ မော်ရင်ညိုနည်းတူ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ဟာ ချယ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက် ပြန်လည်ကိုင်တွယ်ဖို့ ရေပန်းစားမှုထဲ ပါဝင်နေပါတယ်။

ချယ်ဆီးအသင်း နည်းပြသစ်ဖြစ်လာနိုင်သူတွေထဲမှာ ဂျူ ဗင်တပ်နည်းပြဟောင်း အယ်လီဂရီ၊ အေဂျက်နည်းပြ တန်ဟက်နဲ့ ၀ုဗ်နည်းပြ ဆန်တို တို့လည်း ရေပန်းစားနေတာဖြစ်တယ်။ ချယ်ဆီးဟာ မန်နေဂျာသစ် မရသ၍ ဆာရီကို လက်လွတ်ခံမှာ မဟုတ်ဘူးလို့လည်း ခန့်မှန်းထားရပါတယ်။