ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ဖစ်ပါတယ်။
ချယ်ဆီး v နောတင်ဟမ် ဖောရက်စ်
မနှစ်ကရာသီမှာ ဖောရက်စ်ဟာ အဝေးကွင်းရလဒ်တွေ အတော်လေး ဆိုးရွားပါတယ်။ ဒီတော့ ဒီရာသီ သူတို့ရဲ့ အဝေးကွင်း အခြေအနေ တိုးတက်လာတာမျိုး မြင်ရမလား ဆိုတာက စိတ်ဝင်စားစရာပါပဲ။
ချယ်ဆီးက စပြီး ပုံစံကောင်းတွေ ရလာနေတယ်။ ကာရာဘောင်းပွဲအဖြစ် ဘယ်ဘင်တန်ကို သူတို့ ကျော်ဖြတ်နိုင်ခဲ့တဲ့ပွဲမှာ စတာလင် အတော်လေး ကောင်းခဲ့ပြီး သူက လူတန်ပွဲကလို ဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ ယုံကြည်မှုတွေ ပြန်ရလာနေပုံပါ။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၀ ဖောရက်စ်
မန်စီးတီး v ဖူလ်ဟမ်
အာဆင်နယ်ကို ရင်ဆိုင်တဲ့ပွဲမှာ ဖူလ်ဟမ်က သရေတစ်မှတ် ရခဲ့ပါတယ်။ မန်စီးတီးက အရှိန်တင် ကစားလာနိုင်ခြင်း မရှိပေမယ့် သူတို့က အညှာအတာ သိပ်မရှိပါဘူး။ ဒီပွဲမှာ သူတို့ အိမ်ကွင်း နိုင်ပွဲရသွားမယ် ဆိုတာကလွဲလို့ အခြား ရလဒ် မမြင်ပါဘူး။
မန်စီးတီးက တကယ်ကြီး ကောင်းနေတာ မဟုတ်ပေမယ့် ပြိုင်ဘက်တိုင်းကို အနိုင်ယူဖို့အတွက် လုံလုံလောက်လောက် တော့ ရှိနေပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၄-၀ ဖူလ်ဟမ်
လီဗာပူး v အက်စတွန်ဗီလာ
ဒီပွဲက ကြည့်ကောင်းမှာပါ။ အူနိုင်း အမ်မရီရဲ့ အသင်းက စုဖွဲ့မှု ကောင်းမွန်တယ်။ ရာသီအဖွင့်ပွဲမှာ နယူးကာဆယ်ကို ပြတ်ပြတ်သားသား အရေးနိမ့်ပေမယ့်လို့ ကောင်းကောင်း တုန့်ပြန်လာပါတယ်။
ဒီရာသီ လီဗာပူး ကစားတာကို ကြည့်ရတာ ကြိုက်ပါတယ်။ ဆာလာ ဆက်ရှိနေသေးရင် သူတို့က မန်စီးတီးကို စိန်ခေါ်နိုင်မယ့် အသင်းတွေထဲက တစ်သင်းပါ။ ဒီပွဲမှာ လီဗာပူးက ဗီလာကို အနိုင်ယူနိုင်မယ်လို့ ကျနော် ထင်ပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၁ အက်စတွန်ဗီလာ
အာဆင်နယ် v မန်ချက်စတာ ယူနိုက်တက်
အာဆင်နယ်က ၉ မှတ်မှာ ၇ မှတ်၊ မန်ချက်စတာ ယူနိုက်တက်က ၉ မှတ်မှာ ၆ မှတ် ရနေကြပေမယ့် စွမ်းဆောင်ရည်အရတော့ နှစ်သင်းလုံးက အဲ့လောက်ထိ မကောင်းပါဘူး။
အာတီတာရဲ့ အတွေးအရမ်းများမှုက မေးခွန်းထုတ်စရာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း သိပ်မကောင်းလှပါဘူး။ သူတို့ ဖောရက်စ်ကို အနိုင်ရသွားတာကလည်း ပေးသင့်ရဲ့လား မသေချာတဲ့ ပင်နယ်တီကနေ ဖြစ်ပါတယ်။
အမ်းမရိတ်ကွင်းမှာ ကစားရမှာမို့ အာဆင်နယ်က သူတို့ရဲ့ ဘောလုံးရာသီကို အကောင်းဆုံး စတင်နိုင်ဖို့ ကြိုးစားမှာပါ။ အာဆင်နယ်က မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရမယ်လို့ ထင်ပေမယ့် လွယ်ကူတဲ့ နိုင်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။
ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၁ မန်ယူနိုက်တက်
အခြားပွဲစဉ်တွေအတွက် ဆက်တန် ခန့်မှန်းချက်များ
Luton 0-2 West Ham
Sheffield United 0-1 Everton
Brentford 2-0 Bournemouth
Burnley 1-2 Tottenham
Brighton 1-1 Newcastle
Crystal Palace 1-1 Wolves