ဒီနှစ်မှာ ခြေစွမ်းထက်နေပြီး ဥရောပ အစဉ်အလာကြီးတဲ့ လီဗာပူးအသင်းဟာ ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလား ဗိုလ်စွဲသွားပြီးနောက် လီဗာပူး အသင်းသားတွေဟာ အမှတ်တရ လက်ဆောင်ကောင်း ချီးမြှင့်ခံခဲ့ရပါတယ်။

အဲဒီလက်ဆောင်ကတော့ (၂၄) ကာရက်ရှိတဲ့ ရွှေပြားတွေနဲ့ ဒီဇိုင်း ဖန်တီးပြုလုပ်ထားခဲ့တဲ့ iPhone XS တွေ ဖြစ်ပါတယ်။ အဆိုပါ ဖုန်းကို နာမည်ကျော်တွေ အတွက် ဖန်တီးပေးနေကျ ဖြစ်တဲ့ IDesignGold ကနေ ပြုလုပ်ထားပြီး အင်စတာဂရမ်မှာ ဖော်ပြထားခဲ့တာပါ။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဖြစ်လုနီးပါး ရှိခဲ့ပြီး တစ်မှတ် သီသီလေးနဲ့ မန်စီးတီးနောက်မှာ ကျန်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာတော့ စပါးအသင်းကို (၂) ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ဆုဖလား ကိုင်မြှောက်ခွင့် ရရှိခဲ့တာပါ။

လက်ရှိ အချိန်မှာတော့ လီဗာပူးလ် အသင်းသားတွေကတော့ နိုင်ငံအသင်းနဲ့ အတူ အချို့ ရှိနေကြပြီး အချို့ကတော့ ရာသီသစ် မစတင်ခင် ခေတ္တအနားယူကာ အားလပ်ရက်တွေကို ဖြတ်သန်းနေပါတယ်။