အေစီမီလန်မှာ အငှား သွားရောက် ကစားခဲ့တဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား ဘာကာယိုကိုက နောက်ဘောလုံးရာသီ ချယ်ဆီးအသင်းမှာပဲ ကစားခွင့်ရဖို့ ပစ်မှတ်ထားနေပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ ဆန်စီယိုမှာ ခြေစွမ်းပြခဲ့ပေမယ့် လန်ဒန်အခြေစိုက် မိခင်ကလပ်အသင်းထံ ပြန်လာလိုနေတာပါ။

ချယ်ဆီးကစားသမားဟောင်း လမ်းပတ်ဟာ လူငယ်တွေကို မြေတောင် မြှောက်ပေးပြီး လန်ဒန်ကလပ်ကို ဦးဆောင်သွားနိုင်မှာ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ ဂွာဒီယိုလာ ဖြစ်လာလိမ့်မယ်လို့ မန်ယူကစားသမားဟောင်း ဖာဒီနန်က ပြောဆိုလိုက်ပါတယ်။

တိုရီးနိုး အသင်းဟာ ချယ်ဆီးအသင်း ခံစစ်မှူး Ola Ain ကို အပြီးသတ် ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် ခံစစ်မှူးက ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာ တိုရီးနိုးမှာ အငှား ကစားခဲ့ပြီး စီးရီးအေကလပ်အတွက် ပွဲ ၃၀ ကစားခဲ့ရာ ၂၂ ပွဲက ပွဲထွက်ပါဝင်ခွင့် ရခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဆာရီကို နည်းပြအသစ် အဖြစ် ခန့်အပ်ကြောင်း ကြေငြာဖို့ပြင်ဆင်နေပြီး ချယ်ဆီးဘက်ကလည်း ကစားသမားဟောင်း ဖရန့်လမ်းပတ်ကို စတန်းဖို့ဘရစ်ခ်ျထံ ပြန်လာပြီး ဆာရီနေရာ အစားဝင်ဖို့ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ချယ်ဆီးအသင်းနဲ့ သက်တမ်းတိုး စာချုပ် မချုပ်ဆိုနိုင်သေးတဲ့ လူငယ်တိုက်စစ်သမား အိုဒွိုင်းက ၄င်းဟာ ကျောနံပါတ် ၁၀ ကို အလို ရှိနေတာ မဟုတ်ဘဲ အသင်းမှာ ပွဲထွက် ကစားခွင့်ရဖို့ အာမခံချက် လိုလားနေတာ ဖြစ်ကြောင်း သိရပါတယ်။