ဘယ်ဂျီယံနဲ့ စကော့တလန်ပွဲကို အာဆင်နယ်အသင်းက ကစားသမားခေါ်ယူမှုဆိုင်ရာနဲ့ ကင်းထောက်ဆိုင်ရာ အကြီးအကဲတွေကို တက်ရောက် ကြည့်ရှုဖို့ စေလွှတ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဘယ်ဂျီယံအသင်းမှ ကာရက်စကို ကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

အာဆင်နယ်အသင်းဟာ Dalian Yifang တောင်ပံတိုက်စစ်သမား ကာရက်စကို ကို ခေါ်ယူဖို့ ခြေလှမ်းစတင်ခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ ဇန်နါဝါရီတည်းက ဘယ်လ်ဂျီယံသားဟာ အမ်းမရိတ်သို့ ပြောင်းလာဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့တာ ဖြစ်ပြီး ဒန်းနစ်ဆွာရက်စ် ရောက်လာတဲ့နောက် ဆွေးနွေးမှုတွေ ရပ်တန့်ခဲ့တာပါ။

အာဆင်နယ်ဟာ နွေအပြောင်းအရွှေ့ကနေ ဗဟိုခံစစ်၊ အစွန်လူနဲ့ ကွင်းလယ်လူ သုံးနေရာအတွက် အားဖြည့်မှုတွေကို လုပ်ဖို့ အဓိက ရည်ရွယ်နေတာ ဖြစ်တယ်လို့ ကလပ်အသင်းနဲ့ နီးစပ်သူတွေက ထုတ်ဖော်လိုက်ပါတယ်။

အာဆင်နယ်အသင်းက အဲဗာတန်နဲ့ အပြိုင် ဂီတာဖေး ခံစစ်မှူး Djene Dakonam ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ဂီတာဖေးဟာ လာလီဂါမှာ ဒီနှစ် အံ့အားသင့်ဖွယ့် အဆင့် ၅ ချိတ်ခဲ့ပြီး Dakonam က အရေးပါတဲ့ အသင်းသား ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရိုးမားကွင်းလယ်လူ လော်ရန်ဇို ပယ်လီဂရီနီကို ခေါ်ယူလိုနေတယ်လို့ သတင်းတွေမှာ ဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၂)နှစ် အရွယ်သာရှိသေးတဲ့ အဆိုပါ အီတလီသားလေးရဲ့ စာချုပ်ပါလျော်ကြေးဟာ ပေါင်(၂၇)သန်းဝန်းကျင်သာရှိပါတယ်။

ပယ်လီဂရီနီကို စပါး၊ အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ အပြိုင် စိတ်ဝင်စားနေပြီး ၄င်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရိုးမားအတွက် (၂)ဂိုးသွင်းယူကာ (၃)ဂိုး ဖန်တီးပေးထားတယ် လို့ သိရပါတယ်။

အာဆင်နယ် အသင်းကို ရောက်ရှိလတော့မယ့် ဘရာဇီးလ် တိုက်စစ်ကြယ်ပွင့် ဂါဘရီယယ် မာတီနယ်လီဟာ အာဆင်နယ်အသင်းရဲ့ အင်စတာဂရမ်ကို Follow လုပ်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပြီးမြောက်တာ သေချာနေပြီလို့ ပရိတ်သတ်တွေနဲ့ သတင်း မီဒီယာတွေက ပြောဆိုနေကြပါတယ်။

အာဆင်နယ်ကနေ ဒီနွေမှာ ထွက်ခွာရဖွယ် ရှိနေတဲ့ အသင်းခေါင်းဆောင် ကိုစီရယ်နီကြောင့် အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် နေရာအတွက် ဇာခါ၊ ဆိုကရားတစ်၊ လူးကပ် တော်ရဲယား၊ နာချို မွန်ရီယယ်နဲ့ လာကာဇက်တို့ ၅ ဦးကို လျာထားတယ်လို့ သိရပါတယ်။