မန်ချက်စတာ ယူနိုက်တက်ဟာ ပဲလေ့စ်ခံစစ်မှူး ၀မ်ဘစ်ဆာကာကို ခေါ်ယူ မရခဲ့ရင် အရန် အဖြစ် နောဝစ်ခ်ျ စီးတီးအသင်းမှာ လူငယ်ခံစစ်မှူး မက်စ် အာရွန်ကို ပစ်မှတ်ထားနေပါတယ်။

စကော့တလန်နဲ့ ရင်ဆိုင်ရတဲ့ ယူရို ခြေစစ်ပွဲမှာ ဘယ်ဂျီယံအသင်းအတွက် ၂ ဂိုး သွင်းပေးခဲ့တဲ့ မန်ယူတိုက်စစ်မှူး လူကာကူကို ဘယ်ဂျီယံ လက်ရွေးစင် အသင်းနည်းပြ မာတီနက်ဇ်က ချီးကျူးလိုက်ပြီး ဒီထက် ကောင်းမွန်တဲ့အရာတွေ လူကာကူ လုပ်နိုင်သေးတယ်လို့ ယုံကြည်နေတပါတယ်။

မန်ယူဂိုးသမား ဒီဂီယာဟာ ကလပ်အသင်းဘက်က ထပ်မံပေးပို့မယ့် စာချုပ်သစ်ကိစ္စကို ပြန်လည်စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နွေအပြောင်းအရွှေ့မှာ မန်ယူက ဒီဂီယာကို လုံးဝ ရောင်းထုတ်မှာမဟုတ်ပဲ စာချုပ်သစ်အတွက်ပဲ စကားပြောမယ်လို့ သိရပါတယ်။

မန်ယူ ကွင်းလယ်လူ ပေါ့ဘာက ကမ္ဘာဖလားမှာ ပြင်သစ်အသင်းအတွက် သူစကားပြောခဲ့တာက ခေါင်းဆောင်တစ်ဦးအနေနဲ့ စကားပြောဖို့ ပြင်ဆင်ထားခြင်း မဟုတ်ပဲ သူ့ရဲ့ နှလုံးသားထဲက လာတိုင်းအတိုင်း အသင်းအတွက် အစွမ်းကုန်ပေးဆပ်ဖို့ လုပ်ဆောင်ခြင်းလို့ ဆိုလာပါတယ်။

ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ အစွမ်းကုန် အားထုတ်ကြိုးစားပေးရန် အသင်းကို တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ ပြင်သစ်လက်ရွေးစင် ကစားသမားကို ဘာနေဗြူးသို့ ခေါ်ဖို့ ရီးရဲလ်က ကာလရှည် ချိတ်ဆက်နေခဲ့တာပါ။

မန်ယူဟာ ကလပ်အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အားကစားဒါရိုက်တာ ခေါ်ယူမှုကို ပြုလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လို့ အဆိုပါ ရာထူးအတွက် တာဝန်ပေးခံရသူဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ လက်ရှိ ကလပ်အသင်းရဲ့ ပေါ်လစီကို ပါဝင်စွက်ဖက်ခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဝေးစ်လက်ရွေးစင် ကစားသမား ဂါရတ်ဘေးလ်ကို ရီးရဲလ်ထံမှ ခေါ်ယူရန်ဟာ မန်ယူ အတွက် စွန့်စားရမယ့် ကိစ္စ ဖြစ်ပေမယ့် ဆိုးရှား စွန့်စားသင့်တဲ့ ကိစ္စရပ် ဖြစ်ကြောင်း မန်ယူ နည်းပြ အဖွဲ့ဝင်ဟောင်း Rene Meulensteen က မှတ်ချက်ပြုလိုက်ပါတယ်။

ချယ်ဆီးအသင်းကို ၂ကြိမ် တိုင်တိုက် ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြ ဂျို့စ် မော်ရင်ညိုဟာ တတိယအကြိမ် လန်ဒန်ကလပ်ကို ပြန်လာဖို့ ဆန္ဒ ရှိဆဲ ဖြစ်တယ်လို့ သိရပါတယ်။ မော်ရင်ညိုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ မန်ယူက ထွက်ခွာလာတည်းက အသင်းလက်မဲ့ ဖြစ်နေသူပါ။