မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂါနေ့ည က ကစားခဲ့တဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၃-ဝ နဲ့ ဂိုးပြတ် အနိုင်ယူပြီး နောက်တဆင့် တက်ရောက်သွားပါတယ်။

အမ်မရာဘတ်က ယူနိုက်တက် အတွက် ပွဲထွက် ပထမဆုံး ပါဝင် ကစားခွင့် ရခဲ့ပြီး မက်ဂွဲရားကလည်း ဒီရာသီ ပထမဆုံး အကြိမ် အဖြစ် ယူနိုက်တက် ပွဲထွက် လူစာရင်းမှာ ပါဝင်လာပါတယ်။ ဒဏ်ရာကနေ ပြန် ကောင်းလာခဲ့တဲ့ မောင့်လည်း ပါဝင် ခြေစွမ်းပြခဲ့ပါတယ်။

အမ်မရာဘတ် က ဘယ်စွန် နောက်ခံ နေရာကနေ ပါဝင် ကစားပေးခဲ့တာ ဖြစ်ပြီး တန်ဟက်ကတော့ ဂိုးပြတ် နိုင်ပွဲ အပြီးမှာ သရဲနီ အသင်းသား ၃ ဦးကို အခုလို တန်းစီ ချီးကျူးခဲ့ပါတယ်။

” မက်ဂွဲရား ဆိုရင်လည်း အရမ်း ကျစ်လစ်တယ်။ ဒါ သူ့ဆီက ကျနော်တို့ မျှော်လင့်ထားသလိုပါပဲ။ ”

” မောင့်က ဒဏ်ရာကနေ ပြန်လာတာ ဖြစ်လို့ သေချာ ဂရုစိုက်ရပါတယ်။ သူ့ စွမ်းဆောင်ရည်က အတော်ကောင်းခဲ့တယ် လို့ ကျနော် မြင်တယ်။ ”

” အမ်မရာဘတ် လုပ်နိုင်မှန်း သိလို့ အဲဒီ (ဘယ်စွန်)မှာ ထား ကစားခဲ့တာပါ။ သူက အသင်း လိုအပ်တဲ့နေရာ ဝင် ကစားနိုင်တဲ့ သူ တစ်ဦး ဖြစ်တယ်။ သူက အသင်းကို ကူညီပေးနိုင်ခဲ့တယ်။ ဒါက ကွာလတီနဲ့ သူ့ရဲ့ စွယ်စုံရ အရည်အချင်းတွေ ယူဆောင်လာတာပဲ။ ” လို့ တန်ဟက်က တန်ဟက်က အသိအမှတ်ပြု ချီးကျူးသွားခဲ့ပါတယ်။

မောင့်ကို မိနစ် ၆၀ မှာ လင်ဒီလော့ဖ်နဲ့ လူစားလဲခဲ့ပြီး ဒါကလည်း ကြိုစီစဉ်ထားတာလို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။