၂၀၁၉ ခုနှစ် အတွက် Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်တဲ့ ကမ္ဘာဝင်ငွေ အကောင်းဆုံး ကစားသမား စာရင်းမှာ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီက ပထမဆုံး အကြိမ် ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။

Forbes မဂ္ဂဇင်းကနေပြီး ၂၀၁၈ ဇွန် ၁ ရက်ကနေ ၂၀၁၉ ဇွန် ၁ ရက်အထိ တစ်နှစ်တာရခဲ့တဲ့ ဆုကြေး လုပ်ခလစာ အပိုဆုကြေးတွေကိုတွက်ချက်ပြီး ဝင်ငွေကောင်းခဲ့ကြတဲ့ အားကစား ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မက်ဆီးက ထိပ်ဆုံးကို ရောက်ရှိလာတာဖြစ်ပါတယ်။

ဘာစီလိုနာမှာ မက်ဆီ ရရှိနေတဲ့ လုပ်ခလစာဟာ ဂျူဗင်တပ်မှာ ရော်နယ်ဒို ရရှိနေတာထက် များပြားလွန်းနေတာကြောင့် အခုလို ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ လုပ်ခပိုင်းမှာ များပြားပေမယ့် ကြေငြာစပွန်ဆာ ၀င်ငွေမှာတော့ ရော်နယ်ဒိုက ပိုများနေတာဖြစ်တယ်။

မက်ဆီဟာ တစ်နှစ်တာအတွင်း ပေါင်သန်း ၁၀၀ ရခဲ့ပြီး လုပ်ခလစာနဲ့ ဆုကြေးငွေ ပေါင် ၇၂ သန်း၊ စပွန်ဆာဝင်ငွေက ပေါင် ၂၈ သန်း ရခဲ့တယ်။ ရော်နယ်ဒိုဟာ တစ်နှစ်တာအတွင်း ပေါင် ၈၆ သန်း ရခဲ့ပြီး လုပ်ခလစာနဲ့ ဆုကြေးငွေ ပေါင် ၅၁ သန်း၊ စပွန်ဆာကနေ ပေါင် ၃၅ သန်းဝင်ငွေ ရရှိခဲ့ပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးဘောလုံး အကျော်အမော် နေမာ ရပ်တည်နေပြီး အဆင့်လေးမှာ ဘောက်ဆင်သမား ကာနယ်လို အယ်လ်ဗာရက်ဇ်နဲ့ အဆင့်ငါး နေရာမှာတော့ တင်းနစ်သမား ရော်ဂျာ ဖက်ဒရာလို အခြားသော အားကစားနည်းတွေမှ အကျော်အမော်တွေ ပါဝင်နေခဲ့ပါတယ်။