ဥရုဂွေးလက်ရွေးစင်အသင်းနဲ့ သွားရောက် ပူးပေါင်းနေတဲ့ တော်ရဲရားက ဒီကနေ့ပြုလုပ်တဲ့ ပွဲကြိုအင်တာဗျူးမှာ အင်္ဂလန်ထက် အီတလီမှာ ပိုပျော်တယ်လို့ ဝန်ခံလိုက်ပါတယ်။

အင်္ဂလန်မှာ သူ့ရဲ့အခက်အခဲတွေကို တော်ရဲရားက ပြောပြရာမှာ အင်္ဂလန်ဟာ တိုင်းပြည်ကြီးဖြစ်ပြီး လန်ဒန်က မြိုးကြီးဖြစ်ပေမယ့် အသင်းဖော်တွေ၊ လန်ဒန်ကလူတွေနဲ့ ဆက်သွယ်ဖို့ ဘာသာစကား ခက်ခဲမှုရှိတယ်လို့ ဝန်ခံခဲ့တယ်။

တော်ရဲရားက မနက်မိုးလင်းထဲက တိမ်တွေ့အုံ့ဆိုင်းနေပြီး လေ့ကျင့်ရေးပြုလုပ်ချိန်နဲ့ လေ့ကျင့်ရေး ရပ်နားချိန်ထိ တူညီတဲ့ ရာသီဥတု အုံ့ဆိုင်းမှုက သူ့ကို အခက်တွေ့စေတယ်လို့ ဆိုပြီး အင်္ဂလန်ရဲ့ ရာသီဥတုမှာ အသားကျဖို့ရာ ခက်ခဲနေကြောင်း ဝန်ခံခဲ့ပါတယ်။

တောင်အမေရိကသားအနေနဲ့ နေသာတဲ့ နေ့ရက်တွေကို ပိုသဘောတွေပြီး လန်ဒန်ရဲ့ တိမ်ထူတဲ့ နေ့ရက်တွေကြောင့် နေရောင်တွေကို လွမ်းမိတယ်လို့ တော်ရဲရားက ဆိုခဲ့ပါတယ်။ တော်ရဲရားရဲ့ ပြောဆိုမှုက ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေကို ပိုမို လှုပ်ခတ်လာစေပါတယ်။

အပြောင်းအရွှေ့တွေမှာတော့ အေစီမီလန်အသင်းဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအကုန်မှာ နည်းပြဂတ်တူဆိုနဲ့ လမ်းခွဲထားပြီး သူ့နေရာအတွက် ဆမ်ဒိုရီးယားနည်းပြ ဂီယန်ပေါ်လိုနဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။ ဂီယန်ပေါ်လိုကလည်း ဆမ့်ဒိုးမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်းဖြစ်ခဲ့ဖူးတဲ့ တော်ရဲရားကို အေစီမီလန်အသင်းဆီ ခေါ်ဆောင်သွားချင်နေတာဖြစ်ပါတယ်။