မန်ချက်စတာယူနိုက်တက်ဟာ အသင်းက ထွက်ခွာဖို့ သတင်းများ ထွက်ပေါ် နေတဲ့ ကွင်းလယ် ကစားသမား ပေါ့ဘာ အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) တောင်းဆိုသွားဖွယ် ရှိကြောင်း သိရှိ ရပါတယ်။ ပေါ့ဘာကို ခေါ်ဖို့ ရီးရဲလ်နဲ့ အသင်းဟောင်း ဂျူဗင်တပ်တို့ စိတ်ဝင်စားနေကြပါတယ်။

လီဗာပူး လူငယ် တောင်ပံတိုက်စစ်သမား ရိုင်ယန်ကန့်ကို လိဒ်ယူနိုက်တက် အသင်းက အငှားနဲ့ ခေါ်ယူရန် ကြိုးစားနေပါတယ်။ လီဗာပူးကတော့ ကန့်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်း သတ်မှတ်ပြီး အပြီးသတ် ရောင်းချလိုနေတာပါ။

မန်စီးတီးအသင်းဟာ ဘယ်ခြမ်းခံစစ်မှူး ဇင်ချန်ကိုကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ မန်စီးတီး အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ ဇင်ချန်ကိုက မန်ဒီ မကစားနိုင်ချိန်မှာ အကောင်းဆုံး ပါဝင်ကစားပေးထားပါတယ်။

မန်ယူအသင်းသာ ရီးရဲလ်ကြယ်ပွင့် တောင်ပံတိုက်စစ်သမား ဂါရတ်ဘေးလ်ကို ခေါ်ယူရန် အတွက် အခွင့် အရေး ရခဲ့ပေမယ့် စိတ်မ၀င်စားဘဲ လူငယ်ခြေတက်များနဲ့သာ အသင်းကိုတည်ဆောက်ရန် စိတ်အားထက်သန်နေပါတယ်။

PSG အသင်းဟာ အေဂျက်မှ ဆယ်ကျော်သက် ခံစစ်မှူး အသင်းခေါင်းဆောင် ဒီလစ် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း (၇၀) ဖြင့် ကမ်းလှမ်းခဲ့ပြီး ကစားသမား အတွက် တစ်ပတ် လုပ်ခ ပေါင် (၃) သိန်း (၄) သောင်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရှိရပါတယ်။

အေစီမီလန် အသင်းက စိတ်ဝင်စားနေတဲ့ ဗဟို ခံစစ်မှူး လိုဗရန် အတွက် လီဗာပူး အသင်းက ပြောင်းရွှေ့ကြေး ပေါင် (၂၅) သန်း တောင်းဆိုဖို့ ပြင်ဆင် ထားကြောင်း သိရှိ ရပါတယ်။ လိုဗရန်ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာများကြောင့် ပွဲထွက်နေရာကို မာတစ်ထံ လွှဲပေးခဲ့ရပါတယ်။

ဒေါ့မွန် အသင်းမှ ဆွီဒင် လက်ရွေးစင် ကစားသမား ဖြစ်သူ အိုင်ဆက်ခ်ဟာ စပိန် လာလီဂါ ကလပ် ဆိုစီဒက် အသင်းကို ပြောင်းရွှေ့ဖို့ အတွက် ဒေါ့မွန် အသင်းကို စွန့်ခွာခဲ့ပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။