မန်ယူအသင်းဟာ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်စမန်းကို ခေါ်ယူဖို့ လက်မလျှော့သေးပဲ နောက်ဆုံးအကြိမ် ထပ်မံ ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။ ဒီရက်ပိုင်းမှာ ဂရစ်စမန်းရဲ့ အပြောင်းအရွေ့သတင်းတွေ စိတ်နေပြီး ၄င်းကို ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ အသင်းတွေကလည်း အပြိုင်ကြိုးစားနေပါတယ်။

ဂရစ်စမန်း နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလားရပြီးတဲ့နောက် ကလပ်အသင်းအနေနဲ့ အောင်မြင်မူတွေရှာဖွေချင်တယ်လို့ ပြောဆိုထားပြီးဒီနွေမှာ အက်သလက်တီကိုကနေ ထွက်ခွာဖို့ သေချာနေပြီ ဖြစ်ပါတယ်။

နိုင်ငံအသင်းနဲ့ အတူ ရှိနေတဲ့ ဂရစ်စမန်းကတော့ ယူရို (၂၀၂၀) ခြေစစ်ပွဲ ပြင်သစ်နဲ့ အန်ဒိုရာ ပွဲစဉ်အပြီးမှာ –

” လာလီဂါမှာ ဆက်နေဖြစ်မှာလားဆိုတာတော့ ကျနော်လည်းမသိပါဘူး၊ ဒါပေမယ့် အသင်းသစ်တစ်သင်းဆီတော့ ရောက်ဖြစ်မှာပါ၊ ကျနော့်ရဲ့ အပြောင်းအရွေ့ကိုလည်း မြန်မြန်လေး အဆုံးသတ်ပြီးချင်ပါပြီ ” လို့ ပောကြားသွားခဲ့ပါတယ်။

ဒါကြောင့် ဂရစ်စမန်းကို အလိုရှိနေတဲ့ ကလပ်အသင်းတွေက အရှိန်မြှင့် ကြိုးစားလာခဲ့ကြတာဖြစ်ပြီး ဘာစီလိုနာကို ရောက်ရှိဖို့တော့ နီးစပ်နေတယ်လို့ သိရပါတယ်။ အက်သလက်တီကို အသင်းဟာ ဂရစ်စမန်းအတွက် ဘာစီလိုနာအသင်းနဲ့ ယူရို (၉၅) သန်းနဲ့ အကြမ်းဖျင်း သဘောတူညီမူပြုလုပ်ထားခဲ့ပါတယ်။

မန်ယူအသင်းဘက်ကတော့ ဂရစ်ဇမန်း ဘာစီလိုနာဆီကိုမပြောင်းရွေ့ခင်အထိ ၄င်းကို ခေါ်ဖို့ ဆက်လက်ကြိုးစား သွားဦးမှာဖြစ်ပြီး ယခု တစ်ကြိမ်ကမ်းလှမ်းမူမှာတော့ ယူရိုသန်း (၉၀) နီးပါရှိတဲ့ စာချုပ် ချုပ်ဆိုမူအပြင် အသင်းရဲ့တိုက်စစ်မှူး လူကာကူကိုလည်း အလိုက်ပေးပြီး ကမ်းလှမ်းမူပြုလုပ်ခဲ့တာပါ။

မန်ယူရဲ့ ကမ်းလှမ်းမှုမှာ ဂရစ်ဇမန်းအတွက် တစ်ပတ်လုပ်ခလစာ (၄)သိန်းခွဲနီးပါးလောက် ရရှိမယ့် ခံစားခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။