မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့ လက်ထောက်ဖြစ်သူ အာတီတာက သူ့ရဲ့ ဘ၀ တစ်လျှောက် အနိုင်ယူဖို့ အခက်ခဲဆုံး နေရာက အန်ဖီးကွင်းက လီဗာပူးအသင်း ဖြစ်တယ်လို့ ဝန်ခံမှု ပြုလ်ုပခဲ့ပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို ရှူံးပွဲကြီး တွေ့စေတဲ့နောက် အန်ဖီးကွင်းဟာ ဥရောပရဲ့ ကြောက်စရာ အကောင်းဆုံး ကွင်းတွေထဲက တစ်ကွင်းဆိုတာကို လာလီဂါကလပ်တွေဘက်ကပါ လက်ခံလာရပြီး စပိန်သားကတော့ ဘာကာရဲ့ ရှုံးပွဲအတွက် မအံ့သြမိဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

အာတီတာကပဲ အန်ဖီးကွင်းမှာ လီဗာပူးအသင်းကို အနိုင်ယူဖို့ဆိုတာက ခက်ခဲတဲ့အကြောင်းကို “ အန်ဖီး မှာ လီဗာပူးကို အနိုင်ယူဖို့ ဆိုတာ အရမ်းကို ခက်ပါတယ်။ ကျနော့်ရဲ့ ကစားသမားဘ၀မှာ ကတည်းက အန်ဖီးဟာ အနိုင်ယူဖို့ အခက်ခဲဆုံး နေရာတစ်ခုလို့ ခံစားမိခဲ့တာပါ။

အာဆင်နယ် ပြောင်းတော့လဲ အဲ့သည်ခံစားရမှုက မပြောင်းလဲပါဘူး။ တစ်ပွဲတည်း ၅ ဂိုး သွင်းခံရဖူးတဲ့ ပွဲတွေရှိခဲ့သလို စိတ်ထဲမှာဆိုရင် ပွဲကို ချက်ခြင်း ရပ်ပစ်ဖို့ထိတောင် တွေးမိခဲ့တယ်။ အဲ့သည်ခံစားချက်အကြောင်း ရှင်းပြရတာ ခက်ခဲပါတယ်။

အဲ့သည်လို ခံစားချက်မျိုး အန်ဖီးကလွဲလို့ တစ်ခြားဘယ်ကွင်းမှာမှ မဖြစ်ခဲ့ဖူးပါဘူး။ နယ်မြေအများအပြားမှ ကစားခဲ့ပေမယ့် တုန်လှုပ်ခဲ့ခြင်း မဖြစ်ပါဘူး။ ဘာစီလိုနာရဲ့ အရှုံးကို ကျနော်ကတော့ မအံ့သြပါဘူး။ အန်ဖီးကွင်းထဲမှာ ဘယ်လိုဖြစ်တယ်မသိပဲ ၅ ဂိုး ပေးရတယ်ဆိုတာ ကျနော်ကိုယ်တိုင် ကြုံခဲ့ဖူးပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။