၂၀၁၉-၂၀ ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားများ ထွက်ပေါ်လာရာ မန်စီးတီး က အဖွင့်ပွဲစဉ်မှာ ၀က်စ်ဟမ်းနဲ့ တွေ့ဆုံနေပြီး သြဂုတ်လ ၁၀ ရက် စနေနေ့ အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းရဲ့ နောက်ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယား အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ် မှတ်တမ်းဆိုးများ ကြုံခဲ့ပေမယ့် မန်စီးတီးနည်းပြ ဂွာဒီယိုလာက ၄င်းကလပ်အသင်းအတွက် ဥရောပပြိုင်ပွဲက ဆုဖလားတွေထက် ပြည်တွင်းလိဂ်မှာ လွှမ်းမိုးဖို့က ပို ဦးစားပေးကာ အရေးကြီးခဲ့ကြောင်း စပိန်သတင်းထောက်များကို ဖြေကြားခဲ့ပါတယ်။

မန်စီးတီး ကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်က ၄င်းဟာ ဒေါ့မွန်ထံ ပြန်ဖို့ အသင်းဟောင်းနဲ့ ဆက်သွယ်ပြောဆိုမှုများ မရှိကြောင်း ငြင်းပယ် လိုက်ပြီး အီတီဟက်မှာ ဆက်နေဖို့ စီးတီးနဲ့ ဆွေးနွေးမှုများ ပြုလုပ်နေတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အပြောင်းအရွှေ့ သတင်းတွေထွက်နေပေမယ့် မန်စီးတီး တိုက်စစ်သမား ဆာနေးကတော့ ၄င်း အနာဂတ်ကို မန်စီးတီး ဒါမှမဟုတ် ဘိုင်ယန်မြူးနစ် ဘယ်အသင်းမှာ ရှိဖို့ ပိုလိုလားသလဲ မဖြေကြားလိုဘဲ ငြင်းဆန်ခဲ့ပါတယ်။

စီးတီးနဲ့ အတူ ချန်ပီယံလိဂ်ဖလား ရယူပြီးရင် နည်းပြ အဖြစ်က ခေတ္တ အနားယူမယ် သတင်းတွေ ထွက်နေတာနဲ့ ပတ်သတ်ပြီး မန်ချက်စတာ စီးတီး နည်းပြ ဂွာဒီယိုလာက မန်စီးတီး အသင်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိဘူးလို့ ဖြေရှင်းပြောကြားထားပါတယ်။

ဘင်ဖီကာ ကွင်းလယ်တိုက်စစ်သမား ဂျိုအာ ဖိလစ်ကို ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်အသင်းကလည်း လှုပ်ရှားလာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် ပေါ်တူဂီသားရဲ့ စာချုပ်ပါ ဖျက်သိမ်းကြေးက ပေါင် ၁၀၅ သန်း ဖြစ်ပြီး ၄င်းရဲ့ အေးဂျင့်ဖြစ်သူက ဖိလစ်ကို မန်ချက်စတာကလပ်များအား ငြင်းပယ်ကာ အက်သလက်တီကိုထံ သွားဖို့ ရွေးချယ်စေလိုနေပါတယ်။