လာမယ့် ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားများ ထွက်ပေါ်လာရာ လီဗာပူးအသင်းက အဖွင့်ပွဲစဉ်မှာတင် တန်းတက်လာတဲ့ နောဝစ်ခ်ျအသင်းနဲ့ တွေ့ဆုံနေပြီး သြဂုတ်လ ၉ ရက်နေ့ သောကြာနေ့ အန်းဖီးလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

၂၀၁၉-၂၀ ရာသီအတွက် လီဗာပူးအသင်းရဲ့ နောက်ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယား အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပြင်သစ်သတင်းများ အဆိုအရ လီ​ဗာပူး အသင်းဟာ ပြီးခဲ့တဲ့နွေက ခေါ်ယူနိုင်လု နီးပါး ဖြစ်ခဲ့တဲ့ လိုင်ယွန်​ ကွင်းလယ်​ကစားသမား ဖယ်​ကီယာ ကို ​နောက်​တစ်​ကြိမ်​ ​ခေါ်ယူရန်​ စိတ်​ဝင်​စား​နေတယ်​လို့ သိရပါတယ်​။

စီးရီးအေကလပ် အေစီမီလန်ဟာ လီဗာပူးအသင်း ခံစစ်မှူး လိုဗရန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေပါတယ်။ မနှစ်ကရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲပဲ ပါဝင် ကစားနိုင်ခဲ့တဲ့ လိုဗရန်ဟာ လာမယ့်လမှာ အသက် ၃၀ ပြည့်မှာဖြစ်ပြီး ဗဟိုခံစစ်နေရာအတွက် ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့နဲ့ ပွဲထွက်ခွင့် ယှဉ်ပြိုင်နေရသူ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လူငယ်ကစားသမား ရိုင်ယန်ကန့်ကို အငှားခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် လိုက်ပြီး ကန့်ကို အပြီးသတ် ၀ယ်ယူလိုပါက ပေါင် ၁၂ သန်း တောင်းဆိုသွားဖို့ ရှိနေပါတယ်။

အသက် ၂၂ နှစ် အရွယ် တောင်ပံ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ ရိမ်းဂျားစ် အသင်းမှာ အငှားထွက် ကစား ခြေစွမ်းပြခဲ့ပြီး စကော့တလန် လိဂ်မှာ အကောင်းဆုံး လူငယ် ကစားသမား ဆုပါ ရရှိခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး စတိဗ်နစ်ကိုးလ်ကတော့ ယာဂင်ကလော့ပ်ဟာ လိုင်လီတိုက်စစ်သမား နစ်ကိုးလပ် ပီပီကို ခေါ်ယူလိုနေပါက နောက်ဆုတ်သင့်ကြောင်း တိုက်တွန်းလိုက်ပြီး အိုင်ဗရီကို့စ်သားဟာ လီဗာပူးနဲံ အံဝင်မယ့်သူ မဟုတ်ဘူးလို့ ၄င်းက မှတ်ချက်ပြုလိုက်ပါတယ်။