၂၀၁၉-၂၀ ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားများ ထွက်ပေါ်လာရာ ချယ်ဆီးအသင်းက အဖွင့်ပွဲစဉ်မှာတင် မန်ယူနဲ့ တွေ့ဆုံနေပြီး သြဂုတ်လ ၁၁ ရက်နေ့ အိုးထရက်ဖို့ဒ်မှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ နောက်ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယား အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဆာရီရဲ့ လျော်ကြေးကိစ္စအတွက် ချယ်ဆီးနဲ့ ဂျူဗင်တပ်အသင်းတို့က ဆွေးနွေးဆဲ ဖြစ်ပြီး သဘောတူညီမှုတော့ မရရှိသေးဘူး။ ချယ်ဆီးဘက်က ဆာရီ နောက်ဆုံးနှစ် လစာ ပေါင် ၅.၃ သန်း ရအောင် တောင်းဆိုဖို့ ဆုတ်ကိုင်နေဆဲပါ။

ဂျူဗင်တပ်အသင်း အားကစားဒါရိုက်တာ ဖေဘီယိုပါရာတီချီက နည်းပြဆာရီ ကိစ္စအတွက် ဆွေးနွေးမှုတွေ အပြီးသတ်နိုင်ဖို့အတွက် လန်ဒန်မြို့ကို ရောက်ရှိနေတယ်လို့ အီတလီသတင်းတွေကမှာ ဖော်ပြထားပါတယ်။

ချယ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းထံမှ အငှားခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား ကိုဗာဆစ်ကို အပြီးသတ် ခေါ်ယူခွင့် ရှိပေမယ့် မခေါ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ဘရစ်စတိုးစီးတီးအသင်းဟာ ချယ်ဆီးမှ အငှားခေါ်ယူထားတဲ့ ချက်ရီပက်ဘလစ် ကစားသမား ဗဟိုခံစ့စ်မှူး ကာလက်စ်ကို အပြီးသတ် ခေါ်ယူရန် ကြံရွယ်နေပါတယ်။ ချယ်ဆီး အသင်းဟာ ဒီနွေမှာ အငှား ကစားသမား အများအပြားကို အပြီးသတ် ရောင်းထုတ်သွားရန် စီစဉ်နေပြီး ကာလက်စ်လည်း ပါဝင်ပါတယ်။

ချယ်ဆီး ကစားသမားဟောင်း၊ လက်ရှိ ဒါဘီနည်းပြ ဖရန် လမ်းပတ်သာ ချယ်ဆီး နည်းပြသစ်ဖြစ်လာခဲ့ရင် အဘရာဟင်မ်၊ မေဆင်မောင့်သ်၊ အမ်ပါဒူနဲ့ အိုဒွိုင်းတို့လို လူငယ်ကြယ်ပွင့်တွေလည်း အခွင့်အရေး အများအပြား ရလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။