ဆန်ချိုဟာ ဒေါ့မွန်အသင်းရဲ့ ထရိန်နင်ထံ သွားရောက် ပူးပေါင်းဖို့ ပြင်ဆင်ထားပြီဖြစ်ကာ ယူနိုက်တက်ဘက်က ညိနှိုင်းမှု အပြီးသတ်လို့ ထွက်ခွာလို့ရပြီဖြစ်ကြောင်း မီးစိမ်းပြလာမှာကို စောင့်ဆိုင်းနေပါပြီ။

အာဆင်နယ်နဲ့ ချယ်ဆီးတို့က ထိပ်တန်းပစ်မှတ်အဖြစ် ချိန်ရွယ်ထားတဲ့ တိုနေးအတွက် ဘရန့်ဖိုဒ့်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ စျေးသတ်မှတ်လိုက်ပါပြီ။

စပါးအသင်းဟာ ဘုန်းမောက်ခံစစ်မှူး လွိုက်ကယ်လီကို လက်ရှိ စျေးကွက်မှာ ခေါ်မလား နွေမှ အလွတ်ဖြင့် ခေါ်ယူမလား စဉ်းစားနေဆဲဖြစ်ပါတယ်။

ဆော်ဒီလိဂ်မှာ ကစားနေတဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ဖာမင်နိုကို ဖူလ်ဟမ်အသင်းက ကမ်းလှမ်းမှု စတင် ပေးခဲ့ပြီလို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် အမေရိကန် ဂိုးသမား စတီဖန်ဟာ မေဂျာလိဂ်ကလပ် Colorado Rapids အသင်းထံ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

၁၅ ပွဲ ကိုင်တွယ်အပြီးမှာ ဘာမင်ဂမ်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပေမယ့် ရွန်းနီးဟာ သူ့ရဲ့ နည်းပြဘဝ အောင်မြင်မှုတွေရရှိရေး ဆက်လက် ကြိုးစားသွားဦးမှာ ဖြစ်ပါတယ်။

စပါးခံစစ်မှူး ဒိုင်ယာကို ခေါ်ယူရေး ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေကာ အခြားသော ပစ်မှတ်တွေကိုလည်း ရှာဖွေနေဆဲဖြစ်ပါတယ်။

နယူးကာဆယ် အသင်းဟာ လူသစ်ရဖို့ နောက်ကွယ်မှာ ကြိုးစားနေပေမယ့် သတင်းထူး ပေးစရာ မရှိပါဘူးလို့ နည်းပြအတ်ဒီဟောင်က ပြောပါတယ်။

လီဗာပူးအသင်းဟာ အငှားကနေ ပြန်ခေါ်ယူထားတဲ့ နက်ဖီးလစ်ကို ရာသီကုန်ထိ အသင်းမှာ ဆက်ထားမှာဖြစ်ကာ စကော့တလန်လိဂ်ကနေ ပြန်ရောက်လာတဲ့ ဘယ်အစွန်လူ အိုဝင်ဘက်ကိုလည်း နေရာပေးဖို့ ပြင်ဆင်ထားပါတယ်။

ချယ်ဆီးအသင်းဟာ ဖောရက်စ်အသင်းကနေ ဆန်းတိုစ့်ကို ပြန်လည် ခေါ်ယူခဲ့သလိုပဲ ယူနီယံ ဘာလင်အသင်းထံ အငှားချထားတဲ့ ဖိုဖာနာကိုလည်း ပြန်ပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။