ဒီသီတင်းပတ်ကုန်မှာတော့ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ဟာ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် အဖြစ် အမ်းမရိတ်ကွင်းမှာ ထိပ်တိုက် ရင်ဆိုင် ကစားကြမှာ ဖြစ်ပါတယ်။

ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီသတင်းဌာနမှ ခရစ်ဆက်တန် ကတော့ အာဆင်နယ် – လီဗာပူး တို့ရဲ့ အက်ဖ်အေဖလား ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

” တခြားပွဲစဉ်တွေလည်း ရှိနေသေးတာကြောင့် အာဆင်နယ်နဲ့ လီဗာပူးတို့ ဘယ်လို ပွဲထွက်လာမလဲ ဆိုတာ ကျွန်တော် တကယ်ကို မှန်းမရပါဘူး။ မီခေးလ် အာတီတာနဲ့ ယာဂင်ကလော့ပ်တို့က ပြီးခဲ့တဲ့ရာသီတွေ အက်ဖ်အေဖလား ပွဲတွေမှာ ဆိုရင် သူတို့ လူစာရင်းကို အကြီးစား ပြောင်းလဲ ပွဲထုတ်တာပါ။

ဒါပေမယ့် ဒီပွဲကတော့ အနိုင် အရှုံး အဖြေပေါ်မှာ မဟုတ်ဘဲ နည်းပြ နှစ်ယောက်လုံး အလိုရှိမှာ မဟုတ်တဲ့ သရေ ရလဒ်ပဲ ထွက်မယ့် ပွဲလို့ ကျွန်တော် အာရုံရနေတယ်။ ” လို့ ဆက်တန်က ရိုးရိုးရှင်းရှင်းပဲ သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၁-၁ လီဗာပူး ဖြစ်ပြီး နောက်တစ်ကျော့မှာ လီဗာပူး နိုင်ကာ နောက်တစ်ဆင့် တက်မယ် လို့ ဆိုထားပါတယ်။