စပါးအသင်းဟာ ချယ်ဆီးတိုက်စစ်သမားဟောင်းနဲ့ လက်ရှိ လိုက်ဇစ် ကစားသမား တီမို ဗာနာကို ဇန်နဝါရီစျေးကွက်မှာ အငှားခေါ်ယူဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

ယူနီယံဘာလင်ကနေ ချယ်ဆီးတို့ ပြန်ခေါ်ထားတဲ့ တိုက်စစ်မှူး ဖိုဖာနာကို အငှား ခေါ်ယူနိုင်ရေး ဆီးဗီးလာအသင်းက ရေပန်းစားလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဂျီရိုနာ ဘယ်အစွန်လူ ဂူတီရာရက်စ်ကို ခေါ်ယူနိုင်ဖို့ လှုပ်ရှားနေပါပြီ။ နည်းပြဟောင်း မော်ရင်ညို လက်ထက်ကလည်း သူ့ကို ခေါ်ယူရေး ယူနိုက်တက်တို့ အားထုတ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရဖူးပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်နဝါရီစျေးကွက်မှာ လူသစ် မခေါ်ယူတာမျိုး ဖြစ်လာနိုင်တယ်လို့ အာတီတာက အသိပေးလာပါတယ်။

တူရကီကလပ် ဖီနာဘာချီအသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာရှယ်အတွက် ပေါင် ၆.၈ သန်းဖြင့် ပထမအကြိမ် ကမ်းလှမ်းမှု စတင်လိုက်ပါပြီ။

ဘိုင်ယန်မြူးနစ်ဟာ စပါးခံစစ်သမား ဒိုင်ယာကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အငှားကနေ ပြန်ခေါ်ယူထားတဲ့ ဘယ်အစွန်လူ အိုဝင်ဘက်အတွက် စကော့တလန်ကလပ် ဆဲလ်တစ်နဲ့ ရိန်းဂျားအသင်းတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ဇန်နဝါရီစျေးကွက်အတွင်း အင်္ဂလန်လိဂ်မှာ အသားကျလာရေး အချိန်ပေးဖို့ လိုအပ်မယ့် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူတာထက် အသင့်သုံး ကစားသမားမျိုးကို အားဖြည့်လိုနေပါတယ်။

ဆိုစီဒက်မှာ အငှားထွက်ကစားနေတဲ့ ဘယ်အစွန်လူ တီရာနေးကတော့ ဇန်နဝါရီမှာ အာဆင်နယ်ထံ ပြန်မှာမဟုတ်ဘဲ ရာသီကုန်ထိ လာလီဂါမှာပဲ ဆက်နေမယ်လို့ ထုတ်ပြောသွားပါတယ်။

၂၀၁၉ တည်းက မန်စီးတီးကို ရောက်ရှိနေတဲ့ အမေရိကန် ဂိုးသမား စတီဖန်ဟာ မေဂျာလိဂ်ထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။