မန်ချက်စတာ ယူနိုက်တက်ဟာ ပဲလေစ့် တောင်ပံသမား အိုလစ်ဆီကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေခြင်းကြောင့် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
အိုလစ်ဆီကို ခေါ်ယူနိုင်ရေးမှာ ယူနိုက်တက်က မကြာသေးခင်ကပဲ စာချုပ်ပါအတိုင်း တစ်နှစ် သက်တမ်းတိုးထားတဲ့ ဘစ်ဆာကာကို အသုံးချသွားမှာ ဖြစ်ပါတယ်။ ပဲလေစ့်ဘက်ကလည်း သူတို့ ကစားသမားဟောင်းနဲ့ ငွေးကြေးတစ်ရပ်ပါတဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားဖွယ် ရှိပါတယ်။
၂၀၁၉ တုန်းက ပဲလေစ့်ကနေ ယူနိုက်တက်ထံ ပေါင် သန်း ၅၀ ဖြင့် ပြောင်းလာခဲ့တဲ့ ဘစ်ဆာကာဟာ လန်ဒန်ကလပ်မှာ စီနီယာပွဲပေါင်း ၄၆ ပွဲ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
ဘစ်ဆာကာဟာ ယူနိုက်တက်နဲ့ ၁ နှစ် သက်တမ်းတိုးထားသလို အိုလစ်ဆီကလည်း ပဲလေစ့်နဲ့ ၂၀၂၇ ခုနှစ်ထိ သက်တမ်းတိုးထားတာပဲ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၅ ဂိုး သွင်းယူထားတဲ့ အိုလစ်ဆီဟာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ဖြစ်လာခဲ့တယ်။ သူ့ကို ခေါ်ယူဖို့ မန်စီးတီး၊ လီဗာပူးတို့ကလည်း စိတ်ဝင်စားပေမယ့် ပိုကောင်းတဲ့ ညိနှိုင်းမှု လုပ်နိုင်မယ်လို့ ယူနိုက်တက်ဘက်က မျှော်လင့်ထားပါတယ်။
ဆာဂျင်ရက်ကလစ်ဟာ ယူနိုက်တက်ရဲ့ တစိတ်တပိုင်းကို တာဝန်ယူပြီးတဲ့နောက် ပေါင် ၁.၃ ဘီလျံတန်တဲ့ ရင်းနှီးမြုပ်နှံမှု ပြုလုပ်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။