အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ အမ်းမရိတ်မှာ ယှဉ်ပြိုင်ကြတဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာတော့ ကလော့ပ်ရဲ့ အသင်းက ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်ဟာ ပွဲအစ ကောင်းခဲ့ပြီး အခွင့်အရေးတွေ အများကြီး ရပေမယ့် တိုက်စစ်က ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ လီဗာပူးအသင်းကတော့ ခံစစ်ကို ကျစ်ကျစ်လစ်လစ် ကစားနိုင်ခဲ့ကာ အခွင့်အရေးတွေကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း ကောင်းခဲ့ပါတယ်။

အာတီတာကတော့ သူ့အသင်းဟာ ပိုပြီး ထိထိရောက်ရောက် ကစားနိုင်ခဲ့ကြောင်းနဲ့ လီဗာပူးလို အသင်းကောင်းကို သူတို့အသင်းလို အခွင့်အရေး ရှာပြနိုင်ဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။

အာတီတာက ” စွမ်းဆောင်ရည် ကောင်းပါတယ်။ အခွင့်အရေး ဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။ ကျနော်တို့ ပွဲကို အနိုင်ရဖို့လိုခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ရှုံးခဲ့တယ်။ အခွင့်အရေးတွေကို မယူနိုင်ခဲ့ပါဘူး။ ပွဲတွေကို နိုင်ဖို့ဆိုရင် အခွင့်အရေး ယူနိုင်ဖို့ လိုအပ်ပါတယ်။

ဥရောပ အကောင်းဆုံးတွေထဲက တစ်သင်းထက် ပိုကောင်းခဲ့ပြီး ဒီလောက် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ လီဗာပူးကို ရင်ဆိုင်ပြီး ကျနော်တို့လောက် အခွင့်အရေး ရှာနိုင်တဲ့ အသင်းမျိုး မမြင်ဖူးပါဘူး။

ကျနော်တို့ မလုံလောက်ပါဘူး။ တကယ်တမ်းမှာ ကျနော်တို့ မလုံလောက်ပါဘူး။ လီဗာပူးထက် ပိုညံ့ဖျင်းစွာ ကစားခဲ့ရင်တောင် ကျနော်တို့ ပွဲတွေကို နိုင်ရမှာပါ။ အဲ့လို ယုံကြည်မှုမျိုးနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကျနော်တို့ ဆက်လက်ပြီး ယုံကြည်မှု ရှိထားရမယ်။ တူညီတဲ့ နည်းလမ်းကိုမှ သက်ရောက်မှု ရှိရှိ ကစားနိုင်ရမယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် အာဆင်နယ်ဟာ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲပဲ ရထားတာဖြစ်ပါတယ်။