ဝေလ်းတောင်ပံသမား ဒန်နီရယ်ဂျိမ်းဟာ မန်ယူနဲ့ အပြီးသတ် သဘောတူညီမှုကို ရခဲ့ပြီဖြစ်ပြီး မန်နေဂျာဆိုးရှားရဲ့ ပထမဆုံး လက်မှတ်ထိုးမှုအဖြစ် သရဲနီ ကစားသမားသစ် ဖြစ်လာပြီဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဒန်နီရယ်ဂျိမ်းဟာ ၂၀၁၈-၁၉ ရာသီမှာ ဆွမ်ဆီးအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားပေးခဲ့ပြီး သူဟာ ဘောလုံးကစားရာမှာ အကွက်မြင်မှု၊ တိုးအား ပြေးအား ကောင်းမွန်မှုတွေနဲ့အတူ နာမည်ရလာတဲ့ ကစားသမားတစ်ဦးပါ။

ဝေလ်းလက်ရွေးစင်အသင်းမန်နေဂျာဖြစ်သူ မန်ယူကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်က ဂျိမ်းစ်က ပြေးနှုန်းသိပ်ကောင်းပြီး သူ့လို မြန်ဆန်တဲ့ ကစားသမားမျိုး မြင်ရခဲလောက်အောင် အရမ်းကို မြန်ဆန်သူဖြစ်တယ်လို့ ကစားသမားလေးရဲ့ စွမ်းရည်ကို ချီးကျူးခဲ့တယ်။

ဝေလ်းအသင်းနဲ့ ခြေစစ်ပွဲယှဉ်ပြိုင်ကစားစဉ် ပြိုင်ဘက် ဟန်ဂေရီမန်နေဂျာကလည်း ဒန်နီရယ်ဂျိမ်းကို ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒို၊ ဂျာမေကာ အပြေးချန်ပီယံဟောင်း အူစိန်ဘော့ တို့နဲ့တောင် ခိုင်းနှိုင်းမှုတွေ ပြုလုပ်သွားခဲ့ပါသေးတယ်။

ဂျိမ်းအတွက် ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းထိ ပေးချေရမှာဖြစ်တယ်။ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဖြစ်ပြီး ထပ်တိုး ပေါင် ၃ သန်းပါဝင်တယ်လို့ သိထားရပါတယ်။