စပါးအသင်းက တီမိုဗာနာကို အငှားခေါ်ယူရာမှာ ပေါင် ၁၅ သန်း ပေးရင် အပြီးသတ် ဝယ်ယူနိုင်မယ့် အချက်လည်း ပါဝင်ခဲ့ပါတယ်။
စပါးအသင်းဟာ ဂျီနိုအာ ခံစစ်မှူး ဒရာကူဆင်ကို ခေါ်ယူရေး ဆွေးနွေးနေဆဲဖြစ်ကာ ပြောင်းရွှေ့ကြေးကို ယူရို ၂၅ သန်း ဝန်းကျင်လောက်ပဲ ပေးချေလိုပါတယ်။
ယူနိုက်တက်နဲ့ ဒေါ့မွန်ကြားမှာ ဆန်ချို အပြောင်းအရွှေ့ ဆက်လက် စကားပြောနေဆဲဖြစ်ပြီး ဖီနာဘာချီထံ မာရှယ်ကို ရှင်းထုတ်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
အာတီတာက ပရိသတ်တွေ အနေနဲ့ အာဆင်နယ်ကို ဆက်လက် ထောက်ခံ အားပေးဖို့ တိုက်တွန်းလိုက်ပြီး ဇန်နဝါရီမှာ လူသစ် မရနိုင်တာမျိုး ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပေးလာပါတယ်။
မန်စီးတီးနဲပ ရေးဗားပလိတ်တို့ဟာ လူငယ်ကစားသမား Claudio Echeverri ရဲ့ အပြောင်းအရွှေ့အတွက် စာချုပ်စာတမ်းတွေကို လက်မှတ်ထိုးပြီးခဲ့ကြပြီ ဖြစ်ပါတယ်။
ဟန်ဒါဆန် ပရီးမီးယားလိဂ်ထံ ပြန်လာမယ်လို့ သူ့ကိုတော့ မပြောသေးပါဘူးလို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။ အင်္ဂလန်ကွင်းလယ်လူဟာ ဇန်နဝါရီမှာ အင်္ဂလန်ကို ပြန်ပြောင်းလာမယ် သတင်းထွက်နေတာပါ။
လီဗာပူး တိုက်စစ်သမား ကာဗာရိုဟာ လိုက်ဇစ်ကနေ ပြန်လာပြီးနောက် ဇန်နဝါရီမှာ ချန်ပီယံရှစ်ကလပ် ဟူးစီးတီးထံ အငှားထွက်မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ တိုးနေးကို လက်ရှိ စျေးကွက်မှာ ခေါ်ယူနိုင်ဖွယ် မရှိပါဘူး။ တိုနေးက ဘရန့်ဖိုဒ့်မှာပဲ ရာသီကုန်ထိ ဆက်နေမှာ ဖြစ်ပါတယ်။
ချယ်ဆီး၊ ယူနိုက်တက်တို့ စိတ်ဝင်စားနေပေမယ့် တိုက်စစ်မှူး Serhou Guirassy ကို ရာသီကုန်ထိ ဆက်ထိန်းသွားမှာပါလို့ စတုဂတ် အားကစားဒါရိုက်တာက ထုတ်ပြောသွားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူး အာဆင်နယ်တို့နဲ့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ အကြို သဘောတူညီမှု ရခဲ့ပြီလို့ အသံထွက်နေခြင်းကို ရိုမန်နိုက ငြင်းဆန်ပါတယ်။