နွေမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်တော့မယ့် အမ်ဘာပေဟာ ဒီလထဲမှာတင် အကြိုသဘောတူညီမှုကို လက်မှတ်ထိုးဖို့ ရီးရဲလ်မက်ဒရစ်တို့ ဖိအားပေးနေခြင်းအပေါ် စိတ်ကုန်နေပါတယ်။
ပြင်သစ်စူပါစတားဟာ ပရီးမီးယားလိဂ်ထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာဖို့လို အခြားသော ရွေးချယ်စရာတွေကိုလည်း ရှာဖွေလိုနေသေးတာပါ။ ရီးရဲလ်ကတော့ ဇန်နဝါရီမှာတင် သူတို့အသင်းထံ ပြောင်း မပြောင်း သေချာတဲ့ အဖြေပေးဖို့ အမ်ဘာပေကို အသိပေးထားပါတယ်။
ရီးရဲလ်ဘက်က ဒီနွေမှာ ဘာပေကို ရမယ်ဆိုရင် ကလပ်စံချိန်တင် လုပ်ခမျိုးထိ ပေးဦးမှာပါ။ ဒါပေမယ့်လို့ ၂၀၂၂ တုန်းက ကမ်းလှမ်းခဲ့တဲ့ ပမာဏထက် နည်းပါးတဲ့ လုပ်ခမျိုးကိုပဲ ကမ်းလှမ်းမှာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို လက်မှတ်ထိုးကြေး ယူရို သန်း ၁၃၀ ပေးဖို့နဲ့ တစ်နှစ်လုပ်ခ ယူရို ၂၆ သန်း ပေးဖို့ သဘောတူညီခဲ့ပေမယ့် ကစားသမားက ပီအက်စ်ဂျီနဲ့ပဲ သက်တမ်းတိုးခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းမှာ အမ်ဘာပေ လက်ရှိရနေတာက ဆုကြေးတွေ အပါဆိုရင် တစ်နှစ်ကို ယူရို ၇၅ သန်းဖြစ်ပါတယ်။ ဒါဟာ နွေမှာ ရီးရဲလ်ပေးမှာထက် ၃ ဆလောက် ပိုများတဲ့ လုပ်ခဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ စာချုပ် ၆ လပဲ ကျန်ရှိတော့တဲ့ အမ်ဘာပေဟာ ဇန်နဝါရီမှာတင် ပြင်သစ်လိဂ် ပြင်ပကလပ်တွေနဲ့ တရားဝင် စကားပြောလို့လည်း ရနေပါပြီ။ ပြင်သစ်ကလပ်မှာ ဆက်နေမယ်ဆိုရင် သစ္စာရှိကြေး ယူရို သန်း ၈၀ ရမှာဖြစ်ပေမယ့် ဘာပေကိုယ်တိုင်ကတော့ ထွက်ခွာလိုရိပ် ပြသထားပါပြီ။