ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က သူနောက်ဆုံး ပြုလုပ်ခဲ့တဲ့ Vibe with Five ရှိုးမှာ လီဗာပူး ကစားသမား တစ်ဦးကို ထင်သလောက် မဟုတ်သေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဆိုဘိုစလိုင်ဟာ ဒီနွေမှာ လိုက်ဇစ်ကနေ လီဗာပူးကို ပေါင် သန်း ၆၀ ဖြင့် ပြောင်းလာခဲ့သူပါ။ ဟန်ဂေရီအသင်းကို ယူရိုပြိုင်ပွဲ ပါဝင်နိုင်ရေး ဦးဆောင်ပေးခဲ့တဲ့ သူဟာ မနေ့ကပဲ ဟန်ဂေရီရဲ့ တစ်နှစ်တာ အကောင်းဆုံး sportsperson ဆုကို ရရှိသွားခဲ့ပါသေးတယ်။

ဟန်ဒါဆန်နေရာ ဝင်လာပြီး ကွင်းလယ်ညာခြမ်းကို အားဖြည့်ပေးနေတဲ့ ကျောနံပါတ် ၈ ကို လီဗာပူး ပရိသတ်တွေက စတီဗင်ဂျရတ် လက်သစ် ဖြစ်လာမယ့်သူအဖြစ် ယုံကြည်နေကြပါတယ်။

ဆိုဘိုစလိုင်ကို ပုံမှန်ထက် ပိုချီးကျူးနေကြခြင်းဖြစ်ပြီး ကွင်းလယ်လူထံက အလားအလာတွေ အများကြီး မမြင်ရသေးကြောင်း ဖာဒီနန်ကပဲ “ လူတိုင်းက သူနဲ့ ပက်သက်ပြီး အရမ်း မြောက်ပင့် ချီးကျူးနေကြတယ်။ ကျနော်တော့ လူတွေပြောသလောက်လည်း သူလုပ်ပြနိုင်နေတယ် မမြင်မိပါ့။

သူက ကစားသမားကောင်းဆိုပေမယ့် လူတွေက ဆိုဘိုစလိုင်းဟာ စတီဗင်ဂျရတ် လက်သစ်လို့ အလွန်အကျုးတွေ လုပ်နေတယ်။ သူတို့တွေ (လီဗာပူးပရိသတ်တွေ) ရဲ့ ထင်မြင်ပြောဆိုမှုတွေ ကျနော် မြင်တာပဲ။ အဲ့လောက် အလားအလာတွေ ကျနော်တော့ မမြင်မိဘူး။ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဖာဒီနန်က ဆိုဘိုစလိုင်ထက်စာရင် အာဆင်နယ်ကို အနိုင်ရတဲ့ အက်ဖ်အေပွဲမှာ ဂရာဗင်ဘက်ချ် ပြသခဲ့တဲ့ ခြေစွမ်းကို ပိုမို အထင်ကြီးနေသလို နောက်ထပ် ကွင်းလယ်လူ အန်ဒိုကိုလည်း ချီးကျူးမှု လုပ်သွားခဲ့တာ ဖြစ်ပါတယ်။