ချယ်ဆီး အသင်းကတော့ ဒီတပတ် ပရီးမီးယားလိဂ်မှာ လန်ဒန် အခြေစိုက် ကလပ် တစ်သင်းပဲ ဖြစ်တဲ့ ဖူလ်ဟမ် အသင်းနဲ့ တွေ့ဆုံနေပြီး စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာပါ။
ပွဲကစားကြမယ့် အချိန်ကတော့ လာမယ့် စနေနေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ ဖြစ်ပါတယ်။
လက်ရှိ အမှတ်ပေးဇယားမှာတော့ ချယ်ဆီးက အဆင့် ၁ဝ၊ ဖူလ်ဟမ်က အဆင့် ၁၃ မှာ ရှိနေပါတယ်။ ဂန်းနား ဟောင်းကြီး ပေါမာဆန်ကတော့ ချယ်ဆီး – ဖူလ်ဟမ်ပွဲ ဘယ်လို ဖြစ်မလဲ ဆိုတာ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဒါက တကယ့်ကို လန်ဒန်ဒါဘီ ပွဲကြီး တစ်ပွဲပါ။ နှစ်သင်းလုံးက အမှတ်ပေးဇယားမှာ ရှေ့ဆင့် နောက်ဆင့် ရှိနေကြတယ်။ ဒီတော့ စတန်းဖို့ ဘရစ်ချ်မှာ ဒီပွဲက အတော် အကြိတ်အနယ် ရှိမယ် လို့ ကျွန်တော် မျှော်လင့်ထားတယ်။
ဖူလ်ဟမ်ကလည်း ခြေတွေ့နေရင် အတော် ကောင်းတဲ့အသင်း ဖြစ်ပြီး ကျွန်တော် သူတို့ကို သဘောကျပါတယ်။ ဒါပေမယ့် မနေ့ညက လီဗာပူးနဲ့ ပွဲမှာတော့ ဘာတွေ ဖြစ်ခဲ့လဲ တွေ့ကြမှာပါ။
ချယ်ဆီး အနေနဲ့ ဒီတပတ် ပွဲမှာ ဖူလ်ဟမ်ကို ၂ ဂိုး အပြတ်နဲ့ နိုင်မယ် ဆိုရင် အမှတ်ပေးဇယား အဆင့် ၇ နေရာကို တက်နိုင်မှာပါ။ ဒါပေမယ့် သူတို့ သက်တောင့်သက်သာကြီး နိုင်မယ် လို့ မထင်မိဘူး။ ဒါပေမယ့် အပြာရောင်တွေဟာ ဒီပွဲမှာ လုပ်ပြပြီး ၃ မှတ်ပြည့်တော့ ယူမယ်လို့ စိတ်ထဲ အာရုံရနေတယ်။
ဝီလျံက ဒီရာသီ ဖူလ်ဟမ်အတွက် အတော် ကောင်းကောင်း လုပ်ပြထားပါတယ်။ သူ့ အသက်အရွယ်နဲ့ ဒီလို ထိပ်တန်း လိဂ် တစ်ခုမှာ ကောင်းကောင်း စွမ်းဆောင်ပြနေတာ အထင်ကြီးစရာပါပဲ။ သူ အာဆင်နယ်ကနေ ထွက်ခွာလာ ရပြီးတဲ့နောက် မှေးမှိန်ပျောက်ကွယ်သွားမယ် လို့ ကျွန်တော် ထင်ခဲ့တာ။ ” လို့ ပေါမာဆန်က သုံးသပ် ပြောဆိုခဲ့ပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂-၁ ဖူလ်ဟမ် ဖြစ်ပါတယ်။