ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

Chelsea vs Fulham

ဒါက တကယ့်ကို လန်ဒန်ဒါဘီ ပွဲကြီး တစ်ပွဲပါ။ နှစ်သင်းလုံးက အမှတ်ပေးဇယားမှာ ရှေ့ဆင့် နောက်ဆင့် ရှိနေကြတယ်။ ဒီတော့ စတန်းဖို့ ဘရစ်ချ်မှာ ဒီပွဲက အတော် အကြိတ်အနယ် ရှိမယ် လို့ ကျွန်တော် မျှော်လင့်ထားတယ်။

ချယ်ဆီးတို့ သက်တောင့်သက်သာကြီး နိုင်မယ် လို့ မထင်မိဘူး။ ဒါပေမယ့် အပြာရောင်တွေဟာ ဒီပွဲမှာ လုပ်ပြပြီး ၃ မှတ်ပြည့်တော့ ယူမယ်လို့ စိတ်ထဲ အာရုံရနေတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်များ။ ။ Chelsea 2-1 Fulham

Newcastle United vs Manchester City

နယူးကာဆယ်ရဲ့ ဒဏ်ရာ ရ ကစားသမားတွေက တဖြည်းဖြည်းချင်း ပြန်လာနေပါပြီ။ အက်ဒီဟောင်းရဲ့ အသင်းက အိမ်ကွင်းမှာ တကယ်ကို ကောင်းတယ်။ ဒီရာသီ အဆင့် ၄ အတွင်း ဝင်ဖို့ဆို သူတို့ ဒီပွဲလည်း နိုင်မှ ဖြစ်မှာ။ ဒါပေမယ့် မန်ချက်စတာ စီးတီးကလည်း နိုင်ပွဲ လိုအပ်နေတယ်။

မန်စီးတီးကသာ ဒီပွဲ ရှုံးလိုက်ရင် လီဗာပူး အသင်းက ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်သွားမှာပါ။ ဒီတပတ်ပွဲက မန်စီးတီး ကပ် နိုင်သွားမယ် ထင်ပါတယ်။ ဒါပေမယ့် ပွဲက သရေနဲ့ အဆုံးသတ်သွားမယ် ဆိုရင်လည်း အံ့သြစရာ မရှိပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်များ။ ။ Newcastle 1-2 Man City

Manchester United vs Tottenham Hotspur

တော့တင်ဟမ် ကသာ ဒီပွဲကို နိုင်ရင် အာဆင်နယ်ကို အမှတ်ပေးဇယားမှာ ကျော်တက်သွားနိုင်မှာပါ၊ ဒါဆို ဂန်းနားတွေက top four အပြင်ကို ရောက်သွားမှာ ဖြစ်ပါတယ်။

တဖက်မှာ မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ် နဲ့ ၉ မှတ်ထိ ပြတ်နေတာပါ။ သူတို့ဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ဆိုတဲ့ တောင်စောင်းကို တက်နေရတာ ဖြစ်ပါတယ်။ top four ထဲ ဝင်နိုင်ဖို့ ဆိုရင် သူတို့လည်း ဒီပွဲကို နိုင်ဖို့ လိုပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်များ။ ။ Man United 2-2 Tottenham

အခြားပွဲစဉ်များအတွက် ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်များ

Burnley 1-1 Luton Town

Everton 2-2 Aston Villa