ဘီဘီစီမှ ဘောလုံးပွဲ ခန့်မှန်းသူ ခရစ်ဆက်တန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။
Chelsea vs Fulham
မက်ဒယ်ဘရော့ကို ရှုံးခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် မတိုင်ခင်မှာ ချယ်ဆီးက ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ခြေစွမ်းတည်ငြိမ်မှုကို ပြသခဲ့ပါတယ်။ ဒီရာသီမှာ သူတို့အသင်းက တိုးတက်မှု အချို့ကို ပြသနိုင်ခဲ့တယ်။
ကာရာဘောင်းမှာ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့အပေါ် အခြေခံပြီး ဖူလ်ဟမ်အသင်းကို အကဲဖြတ်မယ်ဆိုရင်တော့ ဒီပွဲမှာ ချယ်ဆီးပဲ အနိုင်ရသွားမှာပါ။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ။ ။ Chelsea 2-1 Fulham
Newcastle United vs Manchester City
ဒီပွဲကို ခန့်မှန်းဖို့ ကျနော် ယုံကြည်ချက် ပိုရှိပါတယ်။ နယူးကာဆယ်အတွက် ကံမကောင်းတာက အခုက မန်စီးတီးကို ရင်ဆိုင်ဖို့ အချိန်ကောင်း မဟုတ်တာပါပဲ။ ကျနော်ကတော့ စီးတီးက ဂိုးပိုသွင်းမယ် ထင်ပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ။ ။ Newcastle 1-3 Man City
Man United vs Tottenham Hotspur
ဒီရာသီမှာ ခြေစွမ်းပိုင်း မတည်ငြိမ်တဲ့ ကလပ်တွေ အများကြီးကို မြင်ထားရပြီး မန်ယူနိုက်တက်ကလည်း အဲ့လို အသင်းတွေထဲ ပါဝင်ပါတယ်။ နည်းပြတန်ဟက်အတွက် အိုးထရတ်ဖိုဒ့်က ခံတပ်တစ်ခု မဟုတ်တာ သေချာပါတယ်။
စပါးအတွက်တော့ ဂိုးသွင်းဖို့က ပြဿနာ မဟုတ်ပါဘူး။ သူတို့က ယူနိုက်တက်ထက် ဂိုးပေါင်း ၂၀ လောက် ပိုသွင်းထားပါတယ်။ ဆွန်မပါပေမယ့် ဒီပွဲကို စပါးတို့ နိုင်မယ်လို့ ထင်ပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ။ ။ Man United 1-3 Tottenham
အခြားပွဲစဉ်များအတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်များ
Burnley 1-1 Luton Town
Everton 1-1 Aston Villa