ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။

Chelsea vs Fulham

ချယ်ဆီးနဲ့ပတ်သက်ပြီး ဘာပြောရမယ်ဆိုတာ ကျနော် တကယ်ပဲ မသိတော့ပါဘူး။ ဒီအခြေအနေမှာ ကလပ်တွေ အများကြီးက ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရပါတယ်။ မက်ဒယ်ဘရော့ပွဲတုန်းက ချယ်ဆီးအသင်း ခြေစွမ်းအရတော့ ဒီပွဲက သရေရလဒ်ပဲ ထွက်မှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Chelsea 1-1 Fulham

Newcastle United vs Manchester City

ဒီပွဲက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နယူးကာဆယ်ကို အနိုင်ရစေချင်ပေမယ့် ဖြစ်လာမှာ မဟုတ်ပါဘူး။ တချိန်တည်းမှာ ရမှတ် ဆုံးရှုံးခဲ့ရင် ကောင်းတဲ့ကိစ္စ မဟုတ်တာကြောင့် စီးတီးလည်း ဒီပွဲကိုနိုင်ဖို့ လိုပါတယ်။ ကျနော်ကတော့ သရေကျသွားမယ်လို့ပဲ ပြောချင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Newcastle 2-2 Man City

Man United vs Tottenham Hotspur

ဒီပွဲက အကျိတ်အနယ်ရှိတဲ့ ပွဲဖြစ်လာမယ်လို့ ကျနော်တော့ မြင်နေပါတယ်။ ခန့်မှန်းက ပျင်းစရာကောင်းပေမယ့် ယူနိုက်တက်ကပဲ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားမှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Man United 1-0 Tottenham

အခြားပွဲစဉ်များအတွက် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းရလဒ်များ

Burnley 2-1 Luton Town

Everton 1-3 Aston Villa