ဇန်နဝါရီမှာ လူသစ် ၂ ဦး ရထားပေမယ့် စပါးအသင်း ကစားသမားသစ် ခေါ်ယူရေး ရပ်တန့်သွားမှာ မဟုတ်သေးကြောင်း နည်းပြ ပိုစတီကိုဂလူက အရိပ်အမြွက် ပေးလာပါတယ်။
ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို ကမ်းလှမ်းလိုတဲ့ ကလပ် မပေါ်လာသေးတာကြောင့် ကစားသမားဟာ အခုချိန်ထိ မန်စီးတီး အသင်းသားဖြစ်နေဆဲလို့ ဂွာဒီယိုလာက ဆိုပါတယ်။
ဇန်နဝါရီမှာ ကလပ်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို အသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေး အဖြေရှာနေပါတယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ လီဂူးဝမ်းကလပ် နန့်တက်အသင်းထံ အငှားချထားတဲ့ ဘရာဇီး ကြယ်ပွင့် မာကွင်ဟိုစ့်ကို ဇန်နဝါရီမှာပဲ အသင်းထံ ပြန်ခေါ်ယူပါတယ်။
ချယ်ဆီး ကြယ်ပွင့် မေစတန်က ဒေါ့မွန်အသင်းထံ အငှားထွက်သွားပြီဖြစ်ကာ ဖိုဖာနာကတော့ ဘန်လေထံ အငှားထွက်ခွာရခြင်း မရှိသေးဘူးလို့ သိရပါတယ်။
နယူးကာဆယ် အသင်းဟာ ကာလတို အနေအထားမှာ ကစားသမား အင်အားနည်းနေတာကြောင့် အငှားခေါ်ယူမှု ရှိလာနိုင်ပေမယ့် ဇန်နဝါရီမှာ အမြဲတမ်း စာချုပ်ဖြင့် လူသစ် ခေါ်ယူဖွယ် မရှိပါဘူး။
လီဗာပူး တိုက်စစ်မှူး ဆာလာဟာ နွေမှာ ဆော်ဒီလိဂ်ထံ မပြောင်းဘဲ ပရီးမီးယားလိဂ်မှာပဲ ဆက်လက် ကျင်လည်သွားဖွယ် ရှိပါတယ်။
လီဗာပူး လူငယ် ဘယ်အစွန်လူ ချမ်ဘာဟာ လိဂ်ဝမ်းကလပ် ဝီဂန်အသင်းထံ အငှားဖြင့် ရောက်ရှိသွားပါပြီ။
ချယ်ဆီးရဲ့ တိုက်စစ်ပစ်မှတ်ထဲမှာ ဗလာဟိုဗစ်အပြင် ဘရိုက်တန်မှ ဖာဂူဆန်လည်း ပါဝင်လာသလို နောက်ထပ် အင်္ဂလန်ပြင်ပ တိုက်စစ်မှူး ၂ ဦးကိုလည်း စောင့်ကြည့်နေပါတယ်။
ပဲလေစ့်က အာဆင်နယ် တိုက်စစ်မှူး အန်ကတ်တီးရားကို ခေါ်ယူလိုပြီး ပေါင် သန်း ၃၀ ပေးလို့ပေမယ့် ဂန်းနားတို့က ပယ်ချထားပါတယ်။
နည်းပြတန်ဟက်နေရာမှာ အစားထိုးဖို့ရာ ရက်ကလစ်တို့က ဂရေဟမ် ပေါ်တာကိုပဲ ဦးစားပေးအဖြစ် မြင်ထားဆဲ ဖြစ်ပါတယ်။