ဒါဝင် နူးညက်စ်ရဲ့ သူ့ရဲ့ ကံဆိုးလှတဲ့ အဆုံးသတ်ချက်တွေကို သူကိုယ်တိုင်လည်း သိထားပြီး အသင်းဖော်ဖြစ်သူ လူချိုကို အားငယ်စွာနဲ့ ညည်းတွားမှု လုပ်ခဲ့ပါတယ်။
ဖူလ်ဟမ်နဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ဒါဝင်ဟာ လီဗာပူးကစားကွက်ကို တက်ကြွစေခဲ့သလို ထူးချွန်တဲ့ လှုပ်ရှားမှုတွေဖြင့် တိုက်စစ်ပိုင်းအား အကူအညီပေးခဲ့ပါတယ်။ သူဟာ ဒီရာသီ အသင်းအတွက် ၈ ဂိုးပဲ သွင်းထားပေမယ့် ဂိုးထောက်ပံ့မှုက ၁၀ ကြိမ်ထိ ရှိထားပါပြီ။
မနက်ကပွဲမှာလည်း အသင်းဖော် ကာတစ်ဂျုံးနဲ့ ဂက်ပိုတို့ ဂိုးရအောင် ဂိုးထောက်ပံ့မှုတွေ လုပ်ပေးနိုင်ခဲ့မယ့် ကိုယ်တိုင် အဆုံးသတ်မှုတွေကတော့ ဖူလ်ဟမ် ဂိုးသမား လီနို ကောင်းလွန်းနေတာကြောင့် မရခဲ့ပါဘူး။ ဒါဝင်ဟာ အခွင့်အရေး ၃ ကြိမ်လောက်ကို အကောင်းဆုံး ပိတ်သွင်းခဲ့ပေမယ့် ကာကွယ်ခံခဲ့ရပါတယ်။
ပွဲပြီးလို့ အဝတ်လဲခန်းထဲ ပြန်အဝင်မှာ ဒါဝင်ကတော့ ” ဘရားသားရာ ဘောလုံးကိုယ်က ဂိုးပေါက်ထဲ မဝင်ချင်တာပါ ” လို့ လူချိုကို စပိန်လို ပြောပြနေခဲ့တာဟာ ရုပ်သံထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ဒါဝင်ဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ထိ အလားအလာရှိတဲ့ ကစားဟန်တွေကို ပြသနိုင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဆုံးသတ်ချက်တွေဟာ အံ့ဩဖွယ်ကောင်းအောင် ကာကွယ်ခံနေရသလို သူကိုယ်တိုင်ကလည်း ဂိုးရလိုစိတ်တွေ အရမ်းလောနေလို့ အမှားတွေ များနေခဲ့တာပါ။
ပွဲအပြီးမှာ နည်းပြကလော့ပ်ကတော့ ” ဒါဝင်ရဲ့ အခြေအနေကို ဘယ်လို ရှင်းပြရမလဲ မသိတော့ဘူး။ အဆုံးသတ်ပိုင်း အခြေအနေတွေမှာ သူ့ထက် ပိုကံဆိုးတဲ့သူ မရှိနိုင်တော့ပါဘူး။
ကွင်းထဲမှာတော့ သူက အကုန်လုံးကို မှန်မှန်ကန်ကန် လုပ်နေတာပဲ။ ဂိုးတွေရဖို့လည်း ဖန်တီးပေးနေတာပဲ၊ ဖန်တီးပေးမှုအပိုင်းတော့ တကယ်ကောင်းတယ်။ စူပါ စပယ်ရှယ်ပါပဲ။ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။