ဘရိုက်တန်အသင်းဟာ ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ဖာဂူဆန်အတွက် ကမ်းလှမ်းလာမှုတွေကို ငြင်းဆန်ပြီး သူတို့အသင်းရဲ့ အနာဂတ်မှာ တိုက်စစ်သမားလေးကို ကာလရှည် ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။

အသက် ၁၉ နှစ်အရွယ် အိုင်ယာလန် တိုက်စစ်သမားလေးဟာ ဒီရာသီ ဘရိုက်တန်နဲ့ တောက်ပလာနေပြီး သူ့ရဲ့ အလားအလာတွေကြောင့် ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ် ဖြစ်လာနေတာပါ။ မနှစ်ကရာသီ ၂၄ ပွဲအတွင်း ၁၀ ဂိုး သွင်းထားတဲ့ ဖာဂူဆန်ဟာ ဘရိုက်တန်နဲ့ ကာလရှည် စာချုပ်ရှိထားသူ ဖြစ်ပါတယ်။

ဖာဂူဆန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၁၈ ပွဲကစား ၆ ဂိုး သွင်းယူထားသူပါ။ သူဟာ အနာဂတ်မှာ homegrown ကစားသမား စာရင်း ပေါက်လာမယ့်သူ ဖြစ်ပါတယ်။ ဘရိုက်တန်က ဖာဂူဆန်ကို လက်တလော ရောင်းထုတ်မှာ မဟုတ်ပေမယ့် အနာဂတ်မှာ ပရီးမီးယားလိဂ် စံချိန်တင်ကြေးနဲ့ ရောင်းချနိုင်ပါတယ်။

Evening Standard ကတော့ ချယ်ဆီးဟာ ဖာဂူဆန်ကို အထင်ကြီးနေတာကြောင့် တိုက်စစ်မှူးအတွက် ကနဦး သဘောတူညီမှုရဖို့ ကြိုးစားနိုင်တယ်လို့ ဖော်ပြခဲ့တယ်။

ဘရိုက်တန်ကတော့ ကိုင်ဆီဒိုလို နည်းပြဒီဇာဘီရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားကို ဆုံးရှုံးထားပြီး လအနည်းငယ် အကြာမှာတင် နောက်ထပ် ကစားသမား တစ်ဦး ထပ်မံ ဆုံးရှုံးခံလိုခြင်း မရှိပါဘူး။

၂၀၂၉ ခုနှစ်ထိ ကလပ်နဲ့ စာချုပ်ရှိနေတဲ့ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၀၀ အဖြစ် သတ်မှတ်ထားကာ တတ်နိုင်သမျှတော့ ဘရိုက်တန်မှာပဲ ဆက်ထိန်းထားမှာဖြစ်တယ်လို့ သိရပါတယ်။