အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက် ၂-၂ စပါး ရလဒ်အတွင်း ဂနာချိုအပေါ် ပြစ်ဒဏ် ကျူးလွန်မှုတွေကို အရေးမယူပေးတဲ့ ဒိုင်အဖွဲ့ကို ပြစ်တင်လိုက်ပါတယ်။
ယူနိုက်တက်ဘက်ကတော့ ဂနာချိုကို အူဒိုဂီရဲ့ ဧရိယာအတွင်း ပြစ်ဒဏ် ကျူးလွန်မှုအား ပင်နယ်တီ ဖြစ်ရပ်အဖြစ် VAR ဘက်က စစ်ဆေးပေးခြင်း မရှိတာကို စိတ်ပျက်နေတာပါ။ ဒါ့အပြင် ဂနာချိုရဲ့ ကန်ချက်ကိုပဲ ရိုမဲရိုး ကာကွယ်စဉ် လက်ထိဘော ဖြစ်ခဲ့သေးတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီရာသီမှာ ဒို်င်တွေက ယူနိုက်တက်ကို မကြည့်ပေးတာဟာ ပုံမှန်လိုဖြစ်နေကြောင်း နည်းပြတန်ဟက်က မြင်ပါတယ်။
အူဒိုဂီရဲ့ဖြစ်ရပ်ကို VAR ဘက်က စစ်ဆေးမှု မလုပ်ခြင်းအပေါ် အံ့အားသင့်မိလား ကိစ္စကို တန်ဟက်က ‘ ဒါပေါ့။ ဘာလုပ်လို့ရမှာလဲ? ဒီတစ်ရာသီလုံး အဲ့လိုပဲ ဖြစ်နေတဲ့ အခြေအနေကို ကျနော် အသားကျနေပါပြီ။
ရိုမီရိုက ရှင်းရှင်းလင်းလင်း လက်ထိတာလည်း ဖြစ်ခဲ့သေးတယ်။ အခြားဖြစ်ရပ်တွေ အများကြီး ကျနော် ချပြလို့ရသေးတယ်။ တချိန်ကျရင်တော့ ကျနော်တို့ အသင်းကို အလှည့်ပေးလာမယ် ထင်ပါတယ်။ အဲ့လိုပဲ မျှော်လင့်ကြတာပေါ့ ’ လို့ ပြောဆိုခဲ့တာပါ။
ဒီပွဲကို ယူနိုက်တက် ရှယ်ယာရှင် အသစ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်လည်း တက်ရောက် ကြည့်ရှုခဲ့ပြီး မန်ချက်စတာ အသင်းရဲ့ လိုအပ်ချက်တွေကို ပွဲအပြီးမှာ နည်းပြတန်ဟက်နဲ့ ဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။