လီဗာပူးအသင်းဟာ ဇန်နဝါရီ စျေးကွက်မှာ သွေးအေးနေပေမယ့် အများ မထင်ထားတဲ့ အပြောင်းအရွှေ့မျိုး ပြုလုပ်လာနိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တည်းက သူတို့ စိတ်ဝင်စားခဲ့တဲ့ ဘရာဇီး လက်ရွေးစင် ဂွီးမားရက်စ်အတွက် ကြိုးစားမှုကို ဇန်နဝါရီမှာ ပြုလုပ်လာနိုင်တာပါ။ ဒါကလည်း ကစားသမားအတွက် ပေါင် ၃၂ သန်းပဲ အရင်ဆုံး ပေးချရမယ့် စာချုပ်ပါ အချက်အလက်ကြောင့်လို့ သိရပါတယ်။

လီဗာပူးအသင်းက ဂွီးမားရစ်ကို နှစ်သက်ပေမယ့် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ နယူးကာဆယ်နဲ့ ကာလရှည် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ် ကလပ်ရဲ့ ဘဏ္ဍာရေးကြေညာချက်မှာ နယူးကာဆယ်ဟာ စံချိန်တင် အရှုံးအဖြစ် ပေါင် ၇၃.၄ သန်း အရှုံးပေါ်ထားခဲ့ပါတယ်။ ဘဏ္ဍာရေးပိုင်း ဟန်ချက်ညီမှု ပြသနိုင်ဖို့ လိုအပ်လာတဲ့ နယူးကာဆယ်က ဂွီးမားရက်စ်လို သူတို့ရဲ့ အဓိက ကစားသမား အချို့ကို ရောင်းထုတ်ရဖို့ ဖြစ်လာနေတယ်။

နယူးကာဆယ်ဟာ ဒဏ်ရာ ပြဿနာတွေ အများကြီး ရှိနေပေမယ့် ဇန်နဝါရီမှာ လူသစ် ခေါ်ယူလာနိုင်ခြင်း မရှိသေးတာကလည်း FFP စည်းမျဉ်းတွေ ညိစွန်းနေတဲ့ ကလပ်ရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့်ပဲ ဖြစ်ပါတယ်။

ဂွီးမာရက်စ်ရဲ့ စာချုပ်မှာ ပေါင် ၉၈ သန်းပေးမှ ခေါ်ယူခွင့် ပါဝင်ပေမယ့်လို့ ပေါင် ၃၂ သန်းကို ၃ ရစ်ခွဲပြီး ဝယ်ယူခွင့်မျိုး ပါဝင်ထားပါတယ်။ ဒါကြောင့်ပဲ လီဗာပူး အပါအဝင် ပီအက်စ်ဂျီ၊ ဘာစီလိုနာနဲ့ ချယ်ဆီးတို့က ဘရာဇီး ကွင်းလယ်လူရဲ့ အခြေအနေကို တီးခေါက်လာနေကြတာပါ။

နယူးကာဆယ်ကတော့ ဂွီးမာရက်စ်၊ အိုင်ဆက် အပါအဝင် သူတို့ရဲ့ အမာခံ လူစာရင်းကို ဆက်ထိန်းထားလိုနေပြီး ဥရောပဝင်ခွင့် တစ်နေရာကို ဆက်လက် ယှဉ်ပြိုင်လိုနေဆဲ ဖြစ်ပါတယ်။