ပရီးမီးယားလိဂ်က ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုတွေကို မြန်မြန်ဆန်ဆန် အရေးယူဖို့ ပြင်ဆင်နေခြင်းကြောင့် အင်္ဂလန်ကလပ်တွေ ဇန်နဝါရီမှာ လူသစ်ခေါ်ယူဖို့ တွန့်ဆုတ်လာနေကြပါတယ်။
ဘန်လေအသင်းဟာ ချယ်ဆီး တိုက်စစ်သမား ဖိုဖာနာကို ရာသီကုန်ထိ အငှား ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာပါတယ်။
ချယ်ဆီးအသင်းဟာ ဆော်ဒီပရိုလိဂ် ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာနဲ့ ဖာမင်နိုတို့ကို ဇန်နဝါရီမှာ ကာလတို စာချုပ်တွေဖြင့် ခေါ်ယူရေး စိတ်ဝင်စားမှု ပြသလာပါတယ်။
မန်ယူအသင်းဟာ ဆော်ဒီပရိုလိဂ်ကနေ တိုက်စစ်မှူး ဘန်ဇီမာကို အငှား ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
တိုက်စစ်မှူး တိုနေးကတော့ ဇန်နဝါရီမှာ အသင်းမပြောင်းဘဲ ဘရန့်ဖိုဒ့်အသင်းက သူ့အပေါ်ပေးတဲ့ ယုံကြည်မှုတွေအတွက် ပြန်ပြီး ပေးဆပ်ပြဖို့ ရည်မှန်းထားပါတယ်။
အေဂျက်အသင်းဟာ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန် ဟန်ဒါဆန်ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဘရိုက်တန်အသင်းက ဘိုကာဂျူနီယာအသင်းမှ ညာအစွန်လူ ဘာကိုအား ပေါင် ၇.၉ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ရေးဗားပလိတ် ကွင်းလယ်လူ အယ်ချီဗာရီကို ခေါ်ယူရေးဟာ အာဂျင်တီးနား အပြောင်းအရွှေ့ စျေးကွက် ဖွင့်မယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ တရားဝင် ပြီးမြောက်ပါမယ်။
ဆီးဗီးလာအသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ဟာနီဘယ်ကို အငှား ခေါ်ယူခဲ့ပြီဖြစ်ကာ ယူရို သန်း ၂၀ ပေးမယ်ဆိုရင် အပြီးသတ် ခေါ်ယူခွင့် ပါဝင်မှာ ဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ အော်စကာ ဘော့ဘ်ဟာ နေရာ ၅ ခုလောက်မှာ ကစားနိုင်ပြီး သူ အသင်းမှာ ဆက်နေ မနေကတော့ သူ့သဘောပါလို့ ဆိုပါတယ်။
အမ်ဘာပေးကို ခေါ်ယူမလား ကိစ္စကို သူ့ကို မမေးဘဲ ဥက္ကဋ္ဌဖြစ်သူကို သွားမေးပါလို့ ဗင်နီးဆီးယက်စ်က တုန့်ပြန်လာပါတယ်။
ဘာစီလိုနာဟာ ဇန်နဝါရီ စျေးကွက်မှာ လူသစ် ခေါ်ယူသွားမှာ မဟုတ်ပါဘူး။ ဘုတ်အဖွဲ့က နည်းပြဇာဗီကို ဆက်လက် တာဝန်ပေးထားဖို့လည်း အာမခံထားပါတယ်။