ရိုးမားအသင်းကတော့ နည်းပြ ဂျို့စ် မော်ရင်ညိုကို ဒီနေ့ပဲ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ရိုးမား အသင်းကို နှစ်နှစ်ခွဲကြာ နည်းပြပြီးတဲ့နောက် အသက် ၆ဝ အရွယ် ရှိပြီ ဖြစ်တဲ့ ဝါရင့် နည်းပြကြီးဟာ စီးရီးအေကလပ်နဲ့ တစ်ခန်း ရပ်သွားခဲ့ပါတယ်။

မော်ရင်ညို ဟာ ရိုးမားအသင်းကို နှစ်ပေါင်း ၆၁ နှစ်အတွင်း ၎င်းတို့ရဲ့ ပထမဆုံး ဆုဖလား ဖြစ်တဲ့ ယူရိုပါကွန်းဖရင့်လိဂ် ဖလားကို မေ ၂ဝ၂၂ မှာ ရယူပေးခဲ့တာပါ။

ဒါပေမယ့် ဒီရာသီမှာတော့ ရိုးမားအသင်းရဲ့ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲပဲ ရထားပြီး အဆင့် ၉ နေရာ ရောက်ရှိနေ တဲ့နောက် စီးရီးအေကလပ်ကတော့ ပြတ်သားစွာပဲ မော်ရင်ညိုနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ညိုရဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်မှာလည်း ပရိသတ်တွေက နည်းပြ အပြောင်းအလဲ လုပ်စေချင်နေကြတာကြောင့် ဒီအခြေအနေဟာ ရင်ခုန်စရာ ဖြစ်နေပါတယ်။

ဒါပေမယ့် Sky Sports ကတော့ မော်ရင်ညို ရဲ့ အသင်းသစ်ဟာ ဆော်ဒီပရိုလိဂ် ကလပ် တစ်သင်းသင်း ဖြစ်မယ် လို့ ယူဆထားပါတယ်။ မော်ရင်ညို ဟာ ပြီးခဲ့တဲ့ နွေကတော့ Al-Ahli နဲ့ Al-Hilal အသင်းတို့ရဲ့ မက်လောက်ဖွယ် ကမ်းလှမ်းမှုတွေကို ငြင်းဆန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကတော့ မော်ရင်ညို က ” ကျွန်တော် အားတဲ့ တစ်နေ့နေ့ ဆော်ဒီ အာရေဗျဘက် သွားမှာပါ။ ကျွန်တော် အဲဒီမှာလည်း အလုပ်လုပ်နိုင်မယ်လို့ထင်တယ်။ ဘယ်တော့လဲတော့ မသိဘူးပေါ့၊ လုပ်တော့ လုပ်ဖြစ်မှာပါ။

အနာဂတ်ကို ဘယ်သူမှတော့ ကြိုမသိဘူးပေါ့။ ဒါပေမယ့် ကျွန်တော် ဆော်ဒီမှာ အလုပ်တော့ လုပ်ကြည့်ဦးမှာ။ ” လို့ အခိုင်အမာ ပြောဆိုခဲ့ဖူးပါတယ်။

Sky Sports မှာ မော်ရင်ညိုရဲ့ ကလပ်အသင်းသစ် ဖြစ်လာဖို့ ရေပန်းစားမှုတွေကတော့ အောက်ပါအတိုင်း ရှိနေပါတယ်။

Any Saudi Pro League team – 3/1

Portugal national team – 4/1

Any MLS team – 5/1

Newcastle United – 7/1

FC Porto 7/1

England national team 12/1

မော်ရင်ညို ဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာဖို့လည်း ရေပန်းစားနေပြီး ဒါက လာမယ့် နွေ ယူရို ၂၀၂၄ မှာ လက်ရှိ နည်းပြ မာတီနက်ဇ် ဘယ်လောက် စွမ်းဆောင်ပြနိုင်မလဲ အပေါ်လည်း မူတည်နေပါတယ်။