ဆာဂျင်ရက်ကလစ်ရဲ့ ယူနိုက်တက်ထံ ပေါင် ၁.၃ ဘီလျံ ရင်းနှီးမြုပ်နှံမှု စတင်လာခဲ့ပြီဖြစ်ကာ စပါးနဲ့ ၂-၂ သရေကျတဲ့ပွဲမှာ ရှယ်ယာရှင်သစ်ကို အိုးထရတ်ဖိုဒ့်မှာ မြင်တွေ့ခဲ့ရပါတယ်။

မေးစပေါ့ရဲ့ ဆောင်းပါးရှင် ခရစ်ဆက်တန်ကတော့ ဒီအချိန်မှာ ရက်ကလစ် အနေနဲ့ အပြောင်းအလဲကြီး ပြုလုပ်မလား နည်းပြတန်ဟက်နဲ့ ဆက်လက် စခန်းသွားမလား ရွေးချယ်ရတော့မယ့် အခိုက်အတန့်လို့ သုံးသပ်လာခဲ့တယ်။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင်ဟောင်း ခရစ်ဆက်တန်ကတော့ ရာသီကုန်ရင် တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ တိုက်တွန်းသွားပါတယ်။

ဆက်တန်ကပဲ ‘ ဂျင်ရက်ကလစ်က ကိစ္စတိုင်းကို စတင် ကြည့်ရှုတော့မှာပါ။ သူက အိုးထရတ်ဖိုဒ့်ရဲ့ ခေါင်မိုးကအစ ပြင်ဆင်သွားတော့မှာဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်း တိုးတက်မှုတွေကိုလည်း သူ လေ့လာသွားပါတော့မယ်။

ယူနိုက်တက် တိုးတက်လာဖို့ သူဘာတွေကို လုပ်နိုင်မလဲ? ကျနော်ကတော့ နည်းပြတန်ဟက်ကအစ စိစစ်မှု လုပ်ရတော့မှာ ထင်ပါတယ်။ အခုချိန်မှာ တန်ဟက်ကို အချိန်ဆက်ပေးပြီး နွေကျမှ အပြောင်းအလဲ ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရလဒ်တွေကို ပြန်ကြည့်မယ်ဆိုရင်၊ သူတို့ရဲ့ ကစားဟန်ကို ကြည့်မယ်ဆိုရင်တော့ တန်ဟက်နေရာကို ချက်ခြင်းပဲ အပြောင်းအလဲ လုပ်သင့်နေပါပြီ။

ဒီရာသီမှာ ယူနိုက်တက်ဟာ ဇယားထက်ဝက်အောက်က အသင်းတွေကိုဆို လွှမ်းမိုး ကစားနိုင်ပြီး ဇယားထက်ဝက်ရဲ့ အထက်က အသင်းတွေနဲ့ဆိုရင် သူတို့ချည်း ခံကစားနေရပါတယ်။ ဒီတလောတော့ ဟွိုင်လန်း ဂိုးစသွင်းခြင်းလို ကျေနပ်စရာ အခြေအနေ အချို့ သူတို့ ရလာနေတယ်။

အချိန်ကတော့ ကျလာပါပြီ။ အပြောင်းအလဲ လုပ်ဖို့ အချိန်ပါပဲ။ ရက်ကလစ်ရဲ့ ပြုပြင်ပြောင်းလဲရေး စတင်လာတော့မှာပါ။ ခေတ်သစ်အတွက် မန်နေဂျာသစ် လိုပါလိမ့်မယ် ‘ လို့ တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။