အာဆင်နယ် ဂန္တ၀င်ကြီး အီရန်ရိုက်က ဒီရာသီမှာ ထွန်းတောက်လာတဲ့ ကွင်းလယ်လူ မိုင်နူးရဲ့ ခြေစွမ်း အပေါ် သဘောကျနေပြီး ၎င်းဟာ ယူနိုက်တက် ကွင်းလယ်ပိုင်းရဲ့ အနာဂတ် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက်ဟာ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက ပရီးမီးယားလိဂ် ပွဲဦးထွက်ခွင့်ရခဲ့တာ ဖြစ်ပြီး အခုဆိုရင် ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၆ ပွဲဆက် ပွဲထွက်ခွင့် ရနေပါတယ်။

ရိုက်က “သူ့ကို လုပ်ပိုင်ခွင့်တွေ ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ တည်ငြိမ်စွာ ကစားပုံ ၊ အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်ပုံ နဲ့ သူ့ရဲ့ နေရာယူပုံတွေကို ခင်ဗျားတို့ ကြည့်လိုက်ပါ။ သူဟာ တစ်ခုခုတော့ တစ်ခုခု ပါပဲ။

မန်ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းမှာ တိုက်စစ်ပိုင်းကို pass လုပ်နိုင်ပြီး ဘောလုံးကို တည်ငြိမ်စွာ ၊ ညက်ညောစွာ ကစားနိုင်တဲ့သူကို ပိုင်ဆိုင်ထားပေမယ့် တန်ပြန်တိုက်စစ်နဲ့ ကစားနေတာကို ကျနော် တွေ့နေရပါတယ်။

ကျနော်ကတော့ မိုင်နူးကို ဘောလုံးကိုင်ကစားကာ တိုက်စစ်ပိုင်းကို ပံ့ပိုးပေးနိုင်တဲ့ ပုံစံမျိုး မြင်တွေ့ချင်ပါတယ်။

တချိန်ချိန်မှာတော့ သူ့ကို စိတ်ကြိုက် ကစားခွင့်ပေးကာ ကွင်းလယ်ဗိုလ်ချုပ် တစ်ဦး လိုမျိုး တိုက်စစ်ကို ဘောလုံး progress လုပ်ခိုင်းတာ ၊ ဘောလုံး ကိုင်ကစားခွင့်ပေးတာ ၊ ကွင်းလယ်ကနေ ကစားကွက်ကို ထိန်းချုပ် ကစားစေတာမျိုး လုပ်စေရပါမယ်။

ဒါမှသာ တိုက်စစ် ကစားသမားတွေဟာ တန်ပြန် တိုက်စစ် အတွက်ပဲ တောက်လျှောက် ပြေးလွှားဆော့ကစားဖို့ ကြိုးစားနေမယ့် အစား ကစားကွက်ထဲ၀င်ပြီး ကွင်းလယ်ပိုင်းနဲ့ ချိတ်ကစားတာ ၊ one-two တွေ တွဲဆော့တာမျိုး ကစားကြမှာပါ။ ပြောရရင်တော့ ဘောလုံး ကစားတာပေါ့ဗျာ။” လို့ ထောက်ခံသွားခဲ့ပါတယ်။